၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့ ယနေ့နံနက်ပိုင်း ၉ နာရီခန့်၌ ULA/AA အဖွဲ့ဝင်များနှင့် ULA/AA အကြမ်းဖက်အားပေးထောက်ခံသူ အင်အား (၁၀၀)ကျော် ကျောက်တော်(ထွေအုပ်ရုံး)၌ အစည်းအဝေးလုပ်နေစဉ် လေကြောင်းမှ ဗုံးကြဲခံခဲ့ရသဖြင့် အယောက်၂၀ ကျော်ခန့် ပွဲချင်းပြီးသေဆုံးကာ ၄၅ ဦးခန့် ဒဏ်ရာ အပြင်းအထန်ရရှိသွားကြောင်း ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနများတွင် ရေးသားပြောဆိုလျက်ရှိသည်။
မြေပြင်မှရရှိသည့် ကနဦးအချက်အလက်များအရ ULA/AA အဖွဲ့ဝင်များနှင့် ULA/AA အကြမ်းဖက်အားပေးထောက်ခံသူ ၄ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကာ ၂၂ ဦး အပြင်းအထန်ဒဏ်ရာရှိထားကြောင်းနှင့် သေဆုံး/ဒဏ်ရာရရှိမှုများတွင် အရပ်သားများမပါဝင်ဘဲ ULA/AA ဗဟိုနိုင်ငံရေးမှူးအပါအဝင် စည်းရုံးရေးမှူးနှင့် ULA/AA အဖွဲ့ဝင်များသာ ပါကြောင်း ကြားသိရသည်။