-ဇန်နဝါရီလ ၉ ရက်နေ့ ၀၉၀၀ နာရီတွင် ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ ဥယျာဉ်ကျေးရွာအနီး ညောင်ဦး-ချောက်ကားလမ်း၌ အကြမ်းဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ဦးအောင်မင်းလွင်(၄၆)နှစ်၊ ဈေးရောင်း၊ အမှတ်(၁)ရပ်ကွက်၊ ညောင်ဦးမြို့နယ်နေသူသည် အကြမ်းဖက် pdf ၄ ဦး၏ ပစ်ခတ်ခြင်းခံရသဖြင့် ဝဲနားထင် ဖောက်ဝင်၊ ရင်ညွန့်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးနေကြောင်း သိရှိရ။
-ဇန်နဝါရီလ ၉ ရက်နေ့ ၁၈၃၀ နာရီတွင် ညောင်ဦးမြို့နယ်၊ အောက်ညဉ့်ကျေးရွာ၊ ညောင်ဦး-မြင်းခြံသွားကားလမ်းဘေးရှိ BOB စက်သုံးဆီအရောင်းဆိုင်၌ ဓါးပြတိုက်မှုဖြစ်ပွားခဲ့သဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ၁၈၁၀ နာရီခန့်တွင် ဆိုင်တာဝန်ခံ ဦးမြတ်ကို၊ (၂၈)နှစ်၊ အောက်ညဉ့် ကျေးရွာ၊ ညောင်ဦးမြို့နယ်နေသူနှင့် ဆိုင်ဝန်ထမ်းများဖြစ်သည့် ကျား ၂ ဦး၊ မ ၃ ဦးတို့သည် ဆိုင်အတွင်းရှိ နေစဉ် PDF အကြမ်းဖက်သမား ၅ ဦးခန့်တို့သည် ဆိုင်ကယ် ၂ စီး၊ သေနတ်များကိုင်ဆောင်၍ ဆိုင်အတွင်း ဝင်ရောက်လာပြီး ဝန်ထမ်းများအား ခြိမ်းခြောက်၍ စားပွဲအံဆွဲအတွင်းမှ ဆီရောင်းရငွေ ငွေကျပ်သိန်း ၂၀ ခန့်၊ MGY70W/75032 နံပါတ်ပါ SHAYAN အနက်ရောင်ဆိုင်ကယ်တစ်စီးအား ယူဆောင်သွားကြောင်း သိရှိရ။