ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ နေ့စဉ်စစ်ရေးအစီရင်ခံမှာ ပြီးခဲ့တဲ့ရက်က တိုက်ပွဲအတွင်းမှာ
ယူကိရိန်းစစ်သား စုစုပေါင်း ၁၄၆၀ ဦးကို ရှင်းလင်းနိုင်ခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ တင့်၊ သံချပ်ကာနဲ့ အမြောက်တွေကို
ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Kharkiv ပြည်နယ်ရဲ့ အရှေ့မြောက်စစ်မျက်နှာ၊ Donetsk ပြည်နယ်ရဲ့ အနောက်ပိုင်းနဲ့ တောင်ပိုင်း အလယ်ပိုင်းနဲ့ အရှေ့ပိုင်းစစ်မျက်နှာနဲ့ Zaporozhye ပြည်နယ်က စစ်မျက်နှာတွေမှာ ရုရှားတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်မျက်နှာအသီးသီးမှာ တစ်ရက်အတွင်း ကျဆုံးခဲ့တဲ့ ယူကရိန်းစစ်သားအရေအတွက် တစ်ထောင်ကျော်နဲ့ တင့်ကား၊ သံချပ်ကား၊ အမြောက်နဲ့ အနောက်နိုင်ငံက ထောက်ပံ့ပေးထားတဲ့ လက်နက်နဲ့ ခဲယမ်းတွေကို ဖျက်ဆီးနိုင်ခဲ့ပြီး အမေရိကန်ရဲ့ HIMARS ဒုံးကျည် ၆ စင်းကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိဖြစ်နေတဲ့ ရုရှား-ယူကရိန်းစစ်ပွဲကို အမေရိကန်က မထောက်ပံ့ပေးတော့ဘူးဆိုရင် ယူကရိန်းက စစ်ရှုံးတော့မှာ
သေချာနေပြီ။
အမေရိကန်သမ္မတသစ်ဖြစ်လာမယ့် ထရမ့်ကလည်း ယူကရိန်းစစ်ပွဲကို ရပ်တန့်လိုက်ဖို့ ပြောထားတယ်။
နေတိုးထဲဝင်ချင်တဲ့ ယူကရိန်းကတော့ အနောက်အုပ်စုရဲ့ မြှောက်ပင့်ပေးမှုကြောင့်နဲ့ ပျက်စီးခဲ့ရပြီ။
မင်းခန့်