နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဥ်းသား၊ အကျဥ်းသူ (၅၈၆၄)ဦးကို ၎င်းတို့ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း နစက၏ ထုတ်ပြန်ခက်အရ သိရသည်။အမိန့်အမှတ် ၂/၂၀၂၅ ဖြင့်ထုတ်ပြန်သော ယင်းထုတ်ပြန်ချက်အရ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသည့်အနေဖြင့် အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီး၌ ပြစ်ဒဏ်ကျခံနေရသူများအား ၎င်းပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထိုသို့ လွတ်ငြိမ်းခွင့်ပြုရာ၌ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ထပ်မံပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
Related Posts
တရုတ်-မြန်မာ နှစ်နိုင်ငံ ဝင်ထွက်ခွင့်ကဒ်များ ပြန်လည်ထုတ်ပေးနေပြီဖြစ်
- ပုည
- November 9, 2023
တရုတ်-မြန်မာ နှစ်နိုင်ငံ ဝင်ထွက်ခွင့်ကဒ် (TBP) ကို ယနေ့တွင် တုံကင်ပြန်လည်ထုတ်ပေးနေပြီဖြစ်ကြောင်း လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ရက်မှ သိရသည်။ ယနေ့ နံနက် (၇) နာရီမှစတင်ကာ မူဆယ်မြို့ နန်းတော်ဂိတ်ပေါက် […]
မြဝတီကနေ ဆင်းလာတဲ့ အန်စာတုံးယာဉ် တိမ်းမှောက် ယာဉ်ပေါ်ပါ ၆ ဦးလုံး သေဆုံး
- ပုည
- November 9, 2022
နိုဝင်ဘာလ ၉ ရက် နံနက်၈း၄၀နာရီ စောစောစီးစီး ကော့ကရိတ်-မြဝတီ အာရှလမ်း တောနော်ရေတံခွန်မှာ မြဝတီကနေ ဆင်းလာတဲ့ အန်စာတုံးယာဉ် လမ်းတားတုံးကိုကျော်ပီး အုတ်ခုံကိုဝင်တိုက်ရာ ယာဉ်ပေါ်ပါ(၆)ဦးလုံး သေဆုံးခဲ့ပါတယ်။ […]
ရန်ကုန်- ပြည်လမ်းမှာ ခရီးသည်တင်ကား၊ ကျောက်တင်ကားနှင့် ဆိုင်ကယ်တို့ တိုက်မိ
- ရှင်ယွန်း
- January 24, 2023
ရန်ကုန်- ပြည်လမ်း ဥက္ကံမြို့မှာ ခရီးသည်တင်ကား အပါအဝင် အုတ်သဲကျောက် တင်ကားနှင့် ဆိုင်ကယ်တို့ တိုက်မိလို့ ၁ ဦး သေဆုံးပြီး ၁ ဦး ပေါင်ကျိုးသွားတယ်လို့ […]