မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးသေဆုံးကာ ၆ ဦးအပြင်းအထန်ဒဏ်ရာရတယ်လို့ Khit Thit မှ သတင်းအတုရေးသားထားကြောင်း သိရှိရပါတယ်။
ဖြစ်စဉ်အမှန်မှာ👉👉👉 ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန်-မြို့သာလမ်းပိုင်းတွင် တပ်မတော်ရဲ့ ဖောကားများ ဖြတ်သန်းသွားလာခဲ့ခြင်းမရှိကြောင်းဒေသအတွင်းသတင်းများအရသိရှိရပါတယ်။
အဆိုပါသတင်းအပေါ် Khit Thit မှ ဖြစ်စဉ်မရှိဘဲ စိတ်ကူးဖြင့် ဖောကားကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄ ဦးသေပြီး ၆ ဦးအပြင်းအထန်ဒဏ်ရာရတယ်လို့ ပါးစပ်အာသာဖြေ သတင်းဖြင့် မဟုတ်မမှန်လုပ်ကြံရေးသားထားခြင်းဖြစ်ပါတယ်။