စစ်မှုထမ်းစာရင်းထဲမပါအောင် လုပ်ပေးမယ်ဆိုပြီး ငွေတောင်းတဲ့ မန္တလေးကအမျိုးသမီးအားဖမ်းဆီး

စစ်မှုထမ်းစာရင်းထဲ မပါအောင် ပြုလုပ်ပေးမယ်လို့ ပြောဆိုပြီး မန္တလေးမြို့ပေါ် ရပ်ကွက်အချို့မှာ ငွေကြေးလိမ်လည်တောင်းခံနေတဲ့ အမျိုးသမီးတစ်ဦးကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဖမ်းဆီးလိုက်ပြီလို့ လုံခြုံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဆိုပါအမျိုးသမီးကို ဒီဇင်ဘာ ၁၉ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့တာလို့ သိရပါပြီး ယင်းအမျိုးသမီးဟာ ရပ်ကွက်ထဲကလူတွေကို စစ်မှုထမ်းစာရင်းထဲမပါအောင် လုပ်ပေးမယ်၊ ဧည့်စာရင်းလာမစစ်အောင်လည်း လုပ်ပေးမယ်ဟုဆိုကာ ငွေတွေကို အရစ်ကျတောင်းယူနေတာလို့ ဆိုပါတယ်။

❝သူက ပထမအရစ်သုံးသိန်း၊ နောက်ထပ်အရစ်ကျ နှစ်သိန်းခွဲစသည်ဖြင့်ပေါ့ တောင်းခံနေတာကြာပြီ။ ပေးထားတဲ့သူတောင် ဆယ်ဦးလောက်ရှိတယ်လို့သိရတယ်။ နောက်တော့ မခံမရပ်နိုင်သူတွေကရပ်ကွက်ရုံးကိုအကြောင်းကြားလိုက်တာမှာ တာဝန်ရှိတဲ့သူတွေက စောင့်ပြီးဖမ်းဆီးလိုက်တာ။❞ လို့ ဖြစ်စဥ်ကိုသိရှိသူ ဒေသခံက ပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိသူအမျိုးသမီးနဲ့ လိမ်လည်ခံရသူအချို့ကို သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။𝙈𝙃𝙏𝙉𝙀𝙒𝙎

Leave a Reply

Your email address will not be published. Required fields are marked *