ဒီဇင်ဘာလ ၁၈ ရက်နေ့ ၁၁၂၀ နာရီတွင် သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်၊ ဗိုလ်နေဝင်းလမ်းရှိ သံဖြူဇရပ်ပြည်သူ့ဆေးရုံကြီး တွင် မိုင်းစထိမှန်၍ ဒဏ်ရာရရှိသူ အမျိုးသား ၁ ဦး ဆေးရုံတက်ရောက်လျက်ရှိကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ဦးအောင်မြတ်ကျော် (ခ) မင်းမင်း(၄၂)နှစ်တွင် ယာဘက်ဒူးခေါင်း မိုင်းစဖောက်ဝင်/ထွက်ဒဏ်ရာ ၂ ချက်၊ ယာဘက်လည်ပင်း မိုင်းစ ရှပ်မှန်ဒဏ်ရာ ၂ ချက်၊ ယာဘက်လက်မောင်း မိုင်းစဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့ဖြင့် ဆေးရုံ တက်ရောက်နေခြင်းဖြစ်ကြောင်းသိရှိရသည်။
ဖြစ်စဉ်မှာ ဦးအောင်မြတ်ကျော်(ခ)မင်းမင်းသည် ၀၆၃၀ နာရီတွင် ဝါးခုတ်ရန် အတွက် ၎င်းနေထိုင်သည့် သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ကျေးရွာရှိ နေအိမ်မှထွက်ခွာခဲ့ရာ ၀၈၃၀ နာရီတွင် ရဲတံခွန်ကျေးရွာ၏အနောက်ဘက် မီတာ ၆၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် အကြမ်းဖက်အဖွဲ့မှ ထောင်ထားသည့်မိုင်းအား နင်းမိခဲ့၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။