လူတစ်ဦးချင်းစီရဲ့ရောက်ရှိနေတဲ့သက်တမ်းမှာသုခနဲ့ဒုက္ခကို ချိန်ထိုးကြည့်လိုက်ရင်ဒုက္ခကသာ ပိုပိုသာသာရှိပါလိမ့်မယ်။ အစစအရာရာအဆင်ပြေပါတယ်ဆိုရင်တောင်တစ်နေ့နေ့တစ်ချိန်ချိန်မှာမလွဲမရှောင်သာတဲ့ သေးဘေးဒုက္ခနဲ့ရင်ဆိုင်ကြုံတွေ့ရဦးမှာပါ။ တကယ်တော့အဆင်ပြေမှုဆိုတာကဒုက္ခတောထဲမှာ ရောပါလာတဲ့ပျော်ရွှင်မှုအသေးစားလေးတွေပါ။ အဆင်ပြေမှုလေးတွေနဲ့ဆုံတော့ကြုံတွေ့ခဲ့ရတဲ့ဒုက္ခတွေကိုခဏလောက်တော့ မေ့ပျောက်သွားကြပြီးစိတ်လွတ်ကိုယ်လွတ်တောင်ပျော်နေတတ်ကြတာပဲ။ အဆင်ပြေမှုဆိုတာ ခဏလေးနော်။အဆင်ပြေမှုလေးတွေလည်းအရှိန်လျော့သွားရောနောက်ထပ်တစ်ဖန် စိတ်ထိခိုက်ရပြန်တာပဲ။ ဘဝဆိုတာ ဒီလိုပါပဲ။မွေးဖွားလာကတည်းကအဆိုးနဲ့အကောင်းကို တစ်လှည့်စီခံစားဖို့လောကဓံအမှတ်တံဆိပ် […]