မြောက်ကိုရီးယားစစ်ဘက်ကစက်တင်ဘာလ ၁၄ ရက်တွင် အကြီးစား ပူးပေါင်းပစ်ခတ်မှုစွမ်းရည်ကို ပြသသည့် စစ်ရေးလေ့ကျင့်မှုတစ်ခုကိုအောင်မြင်စွာပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်ကိုယ်တိုင် တက်ရောက် ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။ လေ့ကျင့်မှုအတွင်း နည်းဗျူဟာမြောက်အမြင့်ပျံနှင့်အနိမ့်ပျံဒုံးကျည်များ၊အကြီးစားအပူဖိအားပေး အတွဲလိုက်ဒုံးပစ်လောင်ချာများ၊တိုက်ခိုက်ရေးဒရုန်းအမျိုးမျိုးနှင့် ပူးပေါင်းပစ်ခတ်မှုထိန်းချုပ်ရေးစနစ်များအသုံးပြု၍ သတ်မှတ်ထားသော ပစ်မှတ်များကို တိကျစွာပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဗျူဟာမြောက်လက်နက်စနစ်များ၏ ဟန်ချက်ညီပေါင်းစပ်မှုကိုစမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ရန်သူ၏ခြိမ်းခြောက်မှုများကို ချက်ချင်းတုံ့ပြန်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့်အခြေအနေကို သက်သေပြခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က…