မိုးညှင်းမြို့ပေါ် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အင်အားပြ

SNA ဟာ အောက်တိုဘာလ ၂၈ ရက်နေ့က ကချင်ပြည်နယ် မိုးညှင်းမြို့ပေါ်မှာ စစ်ကြောင်းချီတက် အင်အားပြခဲ့ကြောင်း ရှမ်းနီအသံ မှာ ဖေါ်ပြထားပါတယ်။

“မိမိနယ်မြေ မိမိဒေသ၊ မိမိတိုရှမ်းနီ အမျိုးသားများ၊ မိမိတိုလူမျိုးများရဲ့ မူလ နေရာတွေ ကို အခုလို ရောက်ရှိပြီးဒေသတွင်း တည်ငြိမ်အေးချမ်းရေး ကို ပိုမိုဆောင်ရွက်နိုင်လိမ့်မယ်လို ယုံကြည်ပါတယ်။ ယခုထက်ပိုမိုပြီး (SNA)ရဲ့ အခန်းကဏ္ဍကို မြှင့်တင်နိုင်ဖို ရှမ်းနီ ဒေသတွင်း ပြည်သူလူထုများ က လက်တွဲ ပူးပေါင်း ပါဝင်နိုင်ကြဖို များစွာလိုအပ်ပါတယ်။ ”လို့ SNA တာဝန်ရှိသူတဦးက ပြောကြောင်းလည်း ဖေါ်ပြထားတာ ဖြစ်ပါတယ်။

ရှမ်းနီအမျိုးသားများတပ်မတော် SNA ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့မှာ ၃၅ နှစ်ပြည့် (ကျောက်စိမ်းရတု) ခဲ့ပြီဖြစ် ပြီး လက်ရှိမှာ ရှမ်းနီဒေသ အနှံ့အပြားမှာ ရှမ်းနီလူထုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိနေပြီလို့ ထုတ်ပြော ဆိုထားပြီး လက်ရှိအချိန်၌ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းမြောက်ပိုင်း ရှိ ရှမ်းလူမျိုးများမူလနေထိုင်ရာနေရာများအား ပြန်လည်ရရှိရေးအတွက် KIA အားတိုက်ထုတ်ရှင်းလင်းနေသည့် လက်နက်ကိုင်အဖွဲ့တစ်ခုလည်းဖြစ်သည်။