ရွာငံလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ ခရီးသည် ၇ ဦးသေဆုံး

ရန်ကုန်မှ ဟဲဟိုးသို့ ကထိန်လာခင်းသော (၂၈)ဦးပါ ဘုရားဖူးကား ချောက်ထဲပြုတ်ကျရာ (၇)ဦးသေဆုံးပြီး (၁၇)ဦး ဒဏ်ရာရသည့်အနက် (၇)ဦးမှာဒဏ်ရာပြင်းထန်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ထံမှ သိရသည်။

အောက်တိုဘာလ ၂၈ ရက် နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်အချိန်ခန့်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံ – ဟံမြင့်မိုရ်လမ်းပိုင်း၊ ဒေသအခေါ် စခန်းကြီးအတက်အနီးတွင်အရှိန်မထိန်းနိုင်ဘဲနဲ့ ပြုတ်ကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိမ်မှောက်ခဲ့သည့် ကားမှာ ရန်ကုန်မြို့၊ ဝိဇ္ဇာမဂ္ဂင်ဘိုးဘွားဓမ္မရိပ်သာမှ Mini Bus အမျိုးအစားကားဖြစ်ပြီး ယာဉ်မောင်းအပါအဝင် (၂၈)ဦးလိုက်ပါလာသည့်အနက် သက်ကြီးပိုင်းအရွယ်အမျိုးသမီး(၅)ဦးနှင့် သက်လတ်ပိုင်းအရွယ် အမျိုး သား (၂)ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ ယာဉ်မောင်းအမျိုးသားအပါအဝင် (၇)ဦးမှာ ပြင်းထန်ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရ ဒဏ်ရာရရှိသူ (၁၀)ဦးရှိကြောင်း သိရသည်။