ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့တွင် လေးမျက်နှာမြို့နယ်ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ် သန်းစီးဆင်းမှုကြောင့် ရေကျော်စီးဝင်ခဲ့ကာ ယခုအခါ ရေပြန်လည်ကျဆင်းသဖြင့် ငါးသိုင်းချောင်းမြို့ရှိ အခြေခံပညာကျောင်း(၂၂)ကျောင်းယာယီ ပိတ်ထားခဲ့ရာမှ စက်တင်ဘာလ ၂၂ ရက်နံနက်ပိုင်းတွင် ကျောင်းများအားလုံး ပုံမှန်ပြန်လည်ဖွင့်လှစ်၍ သင်ကြားလျက်ရှိသည်။ အဆိုပါကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက်ကိုလည်း ငါးသိုင်းချောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးရဲထက်အောင်ဦးဆောင်မှုဖြင့် မြို့မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများစုပေါင်း၍ ကျောင်းအတွင်းအပြင်သန့်ရှင်းရေး၊ သန့်ရှင်းသောသောက်သုံး ရေရရှိရေးနှင့်ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ပြီး ကျောင်းများပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိပြီး…