မင်္ဂလာရှိသော နေ့သစ်လေးဖြစ်ပါစေ

🌷စီးပွားလည်းရှာ ကုသိုလ်လည်းစုပါ🌷

နေရေးအတွက်..
အဆင်ပြေစေဖို့ စီးပွားရှာဖွေပြီး
စုဆောင်းကြရသလို
သေရေးအတွက်..
အဆင်ပြေစေဖို့ ကုသိုလ်တွေလည်း
နေ့စဥ်မှန်မှန် စုဆောင်းရလိမ့်မယ်။

ကုသိုလ်တွေဘယ်လောက်များများ
စုဆောင်းထားရမလဲဆိုရင်
ရွှေတွေငွေတွေကို ကျစ်ကျစ်ပါအောင်
ထုပ်ပြီး စုဆောင်းထားသလိုပေါ့။

ကုသိုလ်ကောင်းမှုတွေကိုလည်း
တစ်နေ့တစ်နေ့ နည်းနည်း၊များများ
သဒ္ဓါတရားဖြစ်သလောက်တော့
ပုံမှန်စုဆောင်းသွားရမယ်။

ရွှေတွေငွေတွေကျစ်ကျစ်ပါအောင်
စုထားတာကအလွန်ဆုံးတစ်ဘဝစာ
တစ်ခဏတာပေါ့။

ဒီအထဲကမှ
သံသရာအထိလိုက်ပါလာမယ့်ကုသိုလ်
ကောင်းမှုတွေကို
နေ့စဥ်မှန်မှန်လေးစုဆောင်းထားပါမှ
သံသရာအရေးစိတ်အေးရပါလိမ့်မယ်။

ကိုယ့်မှာ ဘယ်လောက် ချမ်းသာ
ချမ်းသာ..
ဘယ်အချိန်သေမယ်ဆိုတာ မသိနိုင်
ဘူးလေ။

ဒီဘဝချမ်းသာမှုက နောင်ဘဝအထိ
လိုက်လာမှာမဟုတ်ဘူး။

စည်းစိမ်ဥစ္စာချမ်းသာမှုထဲကမှ
ကိုယ်သဒ္ဓါတရားဖြစ်သလောက်ကို
ကုသိုလ်အဖြစ် လဲယူနိုင်မှသာ
အဲဒီ ကုသိုလ်တွေက…
နောင်ဘဝအထိ လိုက်လာမှာပါ။

အကယ်၍
ရုတ်တရက်များ နှုတ်မဆက်အားဘဲ
လူ့ဘဝထဲက ထွက်ခွာသွားရရင်ဖြင့်
ဘာ ကုသိုလ် မှ ပါအောင်ယူမသွား
နိုင်ရင်
ဘဝတစ်ပါးမှာ မျက်နှာငယ်ရတော့
မှာပဲ။

ဒါ့ကြောင့် စီးပွားလည်းရှာပါ။
ကျန်းမာအောင်လည်း နေပါ။

သံသရာအရေး စိတ်အေးရအောင်
သဒ္ဓါတရား နည်း၊များမဆိုကုသိုလ်
တွေလည်း နေ့စဥ် မှန်မှန် စုဆောင်း
သွားကြဖို့ သတိပေးပါရစေ။

မေတ္တာဖြင့်

အရှင်ဇဝန(လယ်ဝေး)

ချစ်ခြင်းများစွာဖြင့်မျှဝေအပ်ပါသည်