လူချမ်းသာတွေက မြို့ကြီးပြကြီးတွေကို စဖြစ်တည်းက ပြေးသွားကြတာကြာပြီ..
ကျန်ခဲ့တဲ့သူတော်တော်များများက အခြေခံလူတန်းစားတွေ၊ ပညာမဲ့လူတန်းစားတွေနဲ့တစ်နေ့လုပ် တစ်နေ့စားသမားတွေ
နှစ်ဖက်တိုက်ပွဲတွေကြား ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အိမ်ခြေရာမဲ့ဘဝရောက်သွားကြတဲ့အခါ
အလုပ်အကိုင်မရှိ ကုန်ဈေးနှုန်းကကြီးနဲ့ AA ရှိနေတဲ့နေရာတွေမှာဆိုရင် ဆန်ပြုတ်တောင်နပ်မမှန်တဲ့ ဘဝရောက်နေကြရတယ်…ဒီလိုနေစရာမရှိ စားစရာမဲ့နေတဲ့ ဘဝတွေရောက်အောင် ဘယ်သူတွေလုပ်ဆောင်ခဲ့တာလည်းဆိုတာတော့ အထူးမပြောလိုတော့ဘူး…..
လူမျိုးချစ်တာလား လူမျိုးပျက်အောင်လုပ်နေတာလားဆိုတာ အခုထိမမြင်နိုင်ကြသေးဘူး
//MinChitOo