ပြင်ဦးလွင်မြို့နယ်တွင် TNLA ဆက်ကြေးတာဝန်ခံ၏ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

တာဝန်သိပြည်သူတစ်ဦးမှ ဖုန်းဖြင့်သတင်းပေးချက်အရ ပြင်ဦးလွင်မြို့နယ် ပင်စုတ်ကျေးရွာ အနီးဝန်းကျင်မှာ TNLA အဖွဲ့၏ ဆက်ကြေးတာဝန်ခံ တစ်ဦးပိုင်ဆိုင်သည့် မူးယစ်ဆေးဝါးများအား တောအုပ်တစ်ခုအတွင်း ဝှက်ထားကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ရာ ပင်စုတ်ကျေးရွာအနီး သစ်ပင်ချုံနွယ်များအတွင်းမှ သစ်ကိုင်းများဖြင့် ဖုံးအုပ်ထားသည့် ဆာလာအိတ် ၉ အိတ်ဖြင့် ထည့်ထားသည့် အိုက်စ် ၂၂၄.၆ ကီလိုဂရမ်(ကာလတန်ဖိုးကျပ် ၄.၄၉၂ ဘီလီယံကျော်) ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ပါတယ်…

TNLA အဖွဲ့အနေဖြင့် ပြင်ဦးလွင်၊ နောင်ချို၊ တောင်ခမ်းအနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများတွင် အောက်ခြေ ပလောင်စစ်သားတွေနဲ့ MDY-PDF အဖွဲ့တွေကို မူးယစ်ဆေးဝါးကျွေးပြီး အသေခံတိုက်ခိုက်လျက်ရှိကြောင်း သတင်းများထွက်ပေါ်နေပြီး ယခုသိမ်းဆည်းရမိသည့် ဆာလာအိတ် ၉ အိတ်နှင့် ထည့်ထားသည့် အိုက်စ်များအနီးတွင် TNLA ယူနီဖောင်းများနှင့် ဆက်ကြေးငွေစာရင်းများ မှတ်သားထားသည့် စာရင်းစာရွက်မျာ တွေ့ရှိရကြောင်း သိရပါတယ်…

ခင်ညိုချော