US က ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပံ့ပိုးကူညီမယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
ထုတ်ပြန်ချက်မှာတော့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို USAID မှတစ်ဆင့် ပေးအပ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
လူသားချင်းစာနာမှုအကူအညီများအပါ သန့်ရှင်းသောရေ ရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေး အထောက်အကူပြုပစ္စည်းတွေနဲ့ အခြားကယ်ဆယ်ရေးပစ္စည်းတွေ ပါဝင်မယ်လို့သိရပြီး အရေးပေါ် လိုအပ်တဲ့ဒေသတွေကို အမြန်ဆုံးပို့ဆောင်ပေးဖို့ နစက အစိုးရကို တောင်းဆိုထားပါတယ်။
ပြောချင်တာကတော့ အကူအညီပေးရမယ်ဆို ဟိုတောင်းဆို၊ ဒီတောင်းဆိုနဲ့ အီလေးဆွဲနေပြီး မြန်မာပြည် ဖျက်ဖို့ဆို အကြမ်းဖက် NUG/ PDF တွေနဲ့ သူပုန်တွေကို လူသတ်လက်နက်တပ်ဆင်ပေးတာ မြန်မှ မြန်ပဲ။
မြန်မာပြည်သူတွေကတော့ US အနေနဲ့ မုန်တိုင်းထောက်ပံ့ပစ္စည်းတွေ ပေးအပ်တာထက် အကြမ်းဖက် NUG/ PDF တွေကို လက်နက်ခဲယမ်းတွေ မထောက်ပံ့ဖို့နဲ့ မြန်မာပြည်သူတွေအပေါ် NUG ရဲ့အကြမ်းဖက်မှုတွေ ရပ်ဆိုင်းစေဖို့ ပိုမိုမျှော်လင့်ကြတာ အမှန်ပဲ။
crd
