အီရတ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် ချင်းနှင့် ရခိုင်တိုင်းရင်းသူ (၂)ဦးအား အမိနိုင်ငံသို ပြန်လည်ခေါ်ဆောင်နိုင်ခဲ့

အီရတ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် ချင်းတိုင်းရင်းသူနှင့် ရခိုင်တိုင်းရင်းသူတို့ အား ကိုင်ရိုမြို့ ရှိ မြန်မာသံရုံးမှ ကာဒစ္စတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရထံ သံတမန်စာပေးပို၍ ညှိနှိင်းကာ အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

အီရတ်နိုင်ငံ၊ အာဘေးမြို့ တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ချင်းတိုင်းရင်းသူ Lal Lawm Tluangi နှင့် ရခိုင်တိုင်းရင်းသူ မစန္ဒီလင်းတို့ အား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ ဆောင်နိုင်ရန် ကိုင်ရိုမြို့ ရှိ မြန်မာသံရုံးမှ ကာဒစ္စတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရထံ သံတမန်စာပေးပို့ ၍ ညှိနှိင်းဆောင်ရွက်ခြင်း၊ SEED Organization နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။