အမေရိကန်သမ္မတလောင်းဒေါ်နယ်ထရမ့်သည်တနင်္ဂနွေနေ့ကဖလော်ရီဒါပြည်နယ်၊ဝက်စ်ပမ်းဘိချ်ရှိထရမ့်အမျိုးသားဂေါက်ကလပ်တွင်ဂေါက်ရိုက်နေစဥ်သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခံရသော်လည်းအသက်ဘေးမှလွတ်မြောက်ခဲ့ပြန်သည်။
လျို့ဝှက်လုံခြုံရေးအဖွဲ့ကသံသယရှိသူတစ်ဦးကိုဖမ်းထားသည်။ရီပတ်ဘလီကန်ပါတီမှအမတ်မာဂျိုရီတေလာဂရင်းက သမ္မတလောင်းထရမ့်ကိုသတ်ဖို့ နောက်တကြိမ်သူတို့တွေကြိုးစား ပေမယ့်ထရမ့်က ဘေးကင်းပါတယ်။ ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်။
ထရမ့်ကိုသတ်ဖို့ သူတို့ကြိုးစားနေကြတယ်၊ သမ္မတရွေးကောက်ပွဲမှာသူမနိုင်ဖို့ လုပ်လို့ရသမျှနည်းလမ်းတွေကိုသူတို့လုပ်ကြမှာဟုဆိုရှယ်မီဒီယာတွင်ရေးထားသည်။
နယူးယောက်ပို့စ်သတင်းဌာနကပစ်ခတ်မှုသည် လုပ်ကြံမှုမဟုတ်ကြောင်း၊ ဒေါ်နယ်ထရမ့်ကို ချိန်ရွယ်ပစ်ခတ်ခြင်းမဟုတ်ပဲဂေါက်ကွင်းတွင်လူနှစ်ဦးစကားများပြီးအချင်းချင်းပစ်ခတ်ခြင်းဟုရေးသားထားသည်။