မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့ နယ်အတွင်းရှိ ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်ရှိသည့် တံတားတစ်စင်း ရေတိုက်စားခံရသောကြောင့် ရန်ကုန်-မန္တလေး ရထားခရီးစဉ်ကို ယာယီရပ်နားထားကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းက ပျော်ဘွယ်မြို့ ၏ တောင်ဘက် (၃) မိုင်ခန့်အကွာ၊ ကျောင်းကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေး မီးရထားသံလမ်း မိုင်တိုင်အမှတ်(၂၈၅) အနီးရှိအမှတ် (၁) သံလမ်းပေါ်မှ သံဘောင်တံတား ထောက်တိုင်များသည် ရေတိုက်စားမှုကြောင့် ပြုတ်ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။
ထိုကြောင့် ရန်ကုန်-မန္တလေးရထားလိုင်းများပြေးဆွဲခြင်းကို ယနေ့စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းမှစတင်ကာ ယာယီရပ်နားထားကာ လက်ရှိတွင် မီးရထားများ ပုံမှန်ပြေးဆွဲနိုင်ရန်အတွက်သက်ဆိုင်ရာ အာဏာပိုင်များက ဆောင်ရွက်နေကြောင်း သိရသည်။