ဩဂုတ်လ ၃၁ ရက်နံနက် ၆ နာရီလောက်က အကြမ်းဖက် မိတ္ထီလာပကဖတွေဟာ မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာက အပြစ်မဲ့ရွာသားပြည်သူ ဦးစိုးလင်းခန့်အပါ (၁၂)ဦးအား ရက်ရက်စက်စက်သတ်ဖြတ်သွားတယ်လိုသိရှိရပါတယ်။အကြမ်းဖက် ပကဖ/PDF တွေဟာ အပြစ်မဲ့ပြည်သူတွေကို အမြင်မတူတိုင်း ဒလန်ခေါင်းစဉ်တပ်ပြီး ဖမ်းဆီးသတ်ဖြတ်တာတွေပြုလုပ်နေကြတာကြောင့် မိမိတို့ ကျေးရွာဒေသတွေမှာ အကြမ်းဖက် PDF တွေကို အမြစ်ပြတ်အောင် မောင်းထုတ်ပြစ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။