နိုင်ငံတော်စရိတ်ဖြင့် ကျိုက်ထိုမြို့နယ် ကျေးရွာများ ရွှေ့လျားဓာတ်မှန်စက်ဖြင့် ရောဂါရှာဖွေကုသပေးမည်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ နယ်အတွင်းရှိကျေးရွာများသို့ နိုင်ငံတော်က အကုန်အကျခံ၍ ရွှေ့လျားဓာတ်မှန်စက်ဖြင့် ရောဂါရှာဖွေကုသပေးသွားမည်ဖြစ် ကြောင်း မြို့ နယ်ကျန်းမာရေးဉီးစီးဌာနထံက သိရသည်။

ရောဂါရှာဖွေ ကုသပေးရာတွင် ယခုလ စက်တင်ဘာ(၁၁)ရက်မှ (၁၄)ရက်နေ့အထိ ဘုရားကြီးကျေးရွာ၊ ကော့စံနိုင်ရပ်ကွက်၊ သိမ်ဇရပ်အမှတ်(၄)၊ ပျဉ်းမစခန်းကျေးရွာနှင့် ခလွန်ကျေးရွာတို့ တွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။