လောကလူတွေမှာ……
အရေးကြီးဆုံးက
ကောင်းအောင်ပြင်ဖို့ အရေးကြီးဆုံးပဲ။
မြတ်စွာဘုရား သာသနာနဲ့
ကြုံတွေ့တဲ့ အချိန်မှာမှ မိမိကိုယ်ကို
ကောင်းအောင် မပြင်လိုက်နိုင်ဘူးဆိုရင်
နောင် ကောင်းအောင် ပြင်ဖို့ဆိုတာ
တော်တော်ခဲယဉ်းသွားလိမ့်မယ်။
လောကလူတွေ
ဘာတွေကို ပြင်ဆင်တုန်းဆို
ကိုယ့်ခန္ဓာကိုယ်ကို လှဖို့ပဖို့ ပြင်ကြတယ်
သို့သော် မပြင်ဘဲနေတာ ဘာလဲဆိုရင်
အကျင့်စရိုက်တွေ မပြင်ဘူး..
စိတ်နေသဘောထားတွေ မပြင်ဘူး။
လောဘကြီးတဲ့သူကလည်း ပြင်ဖို့ စိတ်
မဝင်စားဘူး။
ဒေါသကြီးတဲ့သူကလည်း ပြင်ဖို့ စိတ်
မဝင်စားဘူး။
မသိမလိမ္မာမောဟကြီးနေတဲ့သူကလည်း
ပြင်ဖို့ စိတ်မဝင်စားဘူး။
လူတွေဟာ စိတ်မပြင်နိုင်လို့ သံသရာ
ထဲမှာ တဝဲလည်လည် ဖြစ်နေတာလေ။
အခု မြန်မာနိုင်ငံမှာ လူလာဖြစ်နေတဲ့
ပုဂ္ဂိုလ်တွေဟာဗုဒ္ဓဘာသာဝင် မိသားစု
က မွေးဖွားလာလို့
မြတ်စွာဘုရားဟောကြားတဲ့ တရားဓမ္မ
တွေကို နာယူရလို့
ဘုရားတရားကို သိတတ်လာကြတယ်။
ဒီလိုပုဂ္ဂိုလ်တွေထဲကမှ စိတ်ကို ဖြူစင်ဖို့
မကြိုးစားဘူးဆိုရင်
ကျန်တဲ့ပုဂ္ဂိုလ်တွေက ဒီဘက်ကို သတိ
တောင်မရဘူး။အမှတ်တောင်မရဘူး။
ဒါကြောင့်မို့
မြတ်စွာဘုရားသာသနာတော်နဲ့ တွေ့ကြုံ
လာတဲ့ အခိုက်ကလေးမှာ
စိတ်ရဲ့အညစ်အကြေးဆိုတာဘာတွေလဲ။
စိတ်မဖြူစင်ဘူးဆိုတာ ဘာလဲ…
စိတ်ကိုမဖြူစင်စေတဲ့……
စိတ်ရဲ့အညစ်အ ကြေးတွေကို ဘယ်လို
သန့်ရှင်းရေး လုပ်ရမလဲဆိုတာတွေ သိရှိ
နားလည်ထားဖို့ လိုတယ်။
အခုလို တရားပွဲကြီးတွေ ကျင်းပတာ
ဒါတွေသိအောင် လုပ်တာနော်
တကယ်ကတော့ကိုယ့်ဘဝမှာမကောင်း
တဲ့အရာတွေကို ဖယ်ရှားလို့
ကောင်းတဲ့အရာတွေကိုလက်ခံကြိုးစား
ဖို့ ၊ကောင်းအောင် ပြင်တတ်ဖို့အတွက်
ပညာယူနေတဲ့သဘောပဲ။
တရားနာတယ်ဆိုကတည်းမြတ်စွာဘုရား
ဟောတဲ့တရားကို ဓမ္မကထိကဆရာတော်
တွေဆီက တို့နာမယ်..
နာပြီးရင်သင်ခန်းစာယူသင့်တဲ့ဟာယူမယ်
ရှောင်သင့်တာ ရှောင်မယ်
ဆောင်သင့်တာ ဆောင်မယ်။
ကိုယ့်ဘဝနဲ့ပတ်သက်ပြီးဘဝကို ရှင်းရှင်း
လင်းလင်းမြင်ဖို့ရာအတွက်မြတ်စွာဘုရား
ဟောတဲ့ တရားအဆုံးအမ တွေ နာယူကြ
ရ မှာ ဖြစ်တယ်။
အဲဒီလိုနာယူပြီးတရားဓမ္မကိုလိုက်နာကျင့်
သုံးတဲ့ ပုဂ္ဂိုလ်ကျမှ အကျိုးသက်ရောက်မှု
ဆိုတာ ဖြစ်လာနိုင်မယ်ပေါ့။
အဲဒီလိုမှမလုပ်ဘူးဆိုရင်
အကျိုးသက်ရောက်မှုဆိုတာမဖြစ်နိုင်ဘူး။
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး #ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ