ပဲခူးတိုင်း အနောက်ပိုင်း ၊ ပြည်ခရိုင်၊ပြည်မြိုနယ်ရွာဘဲနယ်မြေ ၊ ရွှေတစ်ချောင်းလမ်းနှင့် ပြည်ရတနာလမ်းထောင့်ရှိလောင်းကစားရုံအား သြဂုတ်လ ၁၃ ရက်နေ့ ၁၄၀၀အချိန်ကခရိုင်ရဲတပ်ဖွဲမှူးဦးစီး၍သက်သေများနှင့်အတူ Lucky 7ဂိမ်းစင်တာအမည်ဖြင့်တရားမဝင်ဂိမ်းဆိုင်ဖွင့်လှစ်တည်ထောင်ကာတရားမဝင်လောင်းကစားနေကြောင်းသတင်းအရဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာဂိမ်းဆိုင်အားဦးစီးဖွင့်လှစ်ကာ ဒိုင်အဖြစ်လုပ်ကိုင်သူ ဦးနိုင်လင်းဌေး နှင့် အောင်နှင်းစိုး( ခ)ဖိုးသားကြီးတို့ကိုသက်သေခံပစ္စည်း၊လောင်းကြေးငွေများနှင့်အတူ ဆိုင်ဝန်ထမ်းအမျိုးသား( ၃)ဦး၊ အမျိုးသမီးဝန်ထမ်း( ၈)ဦး၊ ဂိမ်းဆိုင်တွင်လောင်းကစားနေကြသူအမျိုးသား( ၂၁)ဦး၊ အမျိုးသမီး(၇)ဦးတိုအား တွေ့ရှိဖမ်းဆီးရမိခဲ့ပါတယ်။
တရားမဝင်ဂိမ်းဆိုင်ဖွင့်လှစ်ကာ ဂိမ်းလောင်းကစားဒိုင်ပြုလုပ်သူ နိုင်လင်းဌေးနှင့် အောင်နှင်းစိုး( ခ)ဖိုးသားကြီးတို( ၂)ဦးနှင့်
လောင်းကစားနေရာတွင် လောင်းကစားရန်ရောက်ရှိပါဝင်လောင်းကစားသူ( ၃၉)ဦးအား လောင်းကစားဥပဒေပုဒ်မ၁၆( က)/၁၇( က)ဖြင့်အမှုဖွင့်အရေးဆောင်ရွက်ထားရှိကြောင်းသိရပါတယ်။