ဘရာဇီးလ် ၀-၁ အမေရိကန်
အမေရိကန် – ဆွမ်ဆန် (၅၇ မိနစ်)
အမေရိကန်အသင်းသည် အိုလံပစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ရွှေတံဆိပ်ဆုကို (၅)ကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ နောက်ပိုင်းတစ်ကျော့ပြန်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဘရာဇီးလ်အသင်းမှာမူ အိုလံပစ်ဗိုလ်လုပွဲသို့ (၃)ကြိမ်မြောက်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သော်လည်း (၃)ကြိမ်စလုံး အမေရိကန်အသင်းကိုရှုံးနိမ့်ကာ ဒုတိယငွေတံဆိပ်ဖြင့်သာကျေနပ်ခဲ့ရသည်။
Photos: Facebook



