🌷မရောက်ခင်မှာ ပြင်ဆင်ပါ🌷
ပြီးခဲ့တဲ့ အတိတ်ဆီက
ပူလောင်စရာအကြောင်းတွေကိုလည်း
ခဏခဏထမ်းပြီး မလျှောက်ပါနဲ့
ကိုယ့်မှာ လေးလံပင်ပန်းရပါတယ် ။
မရောက်သေးတဲ့အနာဂတ်ဆီက
ပူလောင်မှု ဒုက္ခတွေကိုလည်း
ကြိုတင်ပြီးတော့ မလှမ်းယူချင်ပါနဲ့
ကိုယ့်အတွက် အပိုအကျိုးမဲ့ပါတယ် ။
အတိတ်အပူကို
တရားအရိပ်ကုသိုလ်စိတ်တွေနဲ့
ငြိမ်းချမ်းစေပြီး ချမ်းသာစေလိုက်ပါ ။
အနာဂတ်ဒုက္ခပြဿနာတွေကို
လက်ရှိဘ၀ကံတွေကို ပြင်ခြင်းဖြင့်
အကောင်းဆုံးဖြစ်အောင် နေထိုင်ပါ ။
အတိတ်အကြောင်းတွေးမယ်ဆိုရင်
ကိုယ်ကုသိုလ်ပြုခဲ့တဲ့ အကြောင်းကို
စဥ်းစားပြီး ပြန်လည် ၀မ်းမြောက်ပါ ။
အနာဂတ်အကြောင်းတွေးမယ်ဆိုရင်
သေချာတဲ့ အိုနာသေအကြောင်းကိုပဲ
စဥ်းစားတွေးဆပြီး သံဝေဂယူလို့
မအိုမနာမသေခင်မှာ
လုပ်သင့်တာ ပြင်သင့်တာတွေကို
ကြိုတင် လုပ်ထားနိုင်ဖို့ ကြိုးစားပါ ။
🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏
ချစ်ခြင်းများစွာဖြင့်ပြန်လည်မျှဝေအပ်ပါသည်