ချောက်မြို့နယ်၊ရွာမကျေးရွာအနီး ဆိုင်ကယ် ၂ စီးဖြင့်မောင်းနှင်လာသော မသင်္ကာဖွယ်လူ ၃ ဦးအား လုံခြုံရေးအဖွဲ့များမှ ရပ်တန့်စစ်ဆေးရန် ပြောကြားရာတွင် မရပ်တန့်ဘဲ မောင်းနှင် ထွက်ပြေးသဖြင့် လခရတပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ အထုတ် ၁ ထုပ်အား ပစ်ချ၍ ညောင်ဇင်ကျေးရွာ ဘက်သို့ ဆက်လက်မောင်းနှင်ထွက်ပြေးသွား ခဲ့ပြီး အထုပ်အတွင်းမှ အောက်ပါ သေနတ် ၂ လက်နှင့် ခဲယမ်းများအား သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်-
(က) M-22(PDY-0799) သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁၉ တောင့်
( ခ ) M-22(Type-81)သေနတ် ၁ လက်၊ကျည်အိမ် ၁ ခု၊၎င်းကျည် ၂၀ တောင့်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။