မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷အဆိုးမဖြစ်‌အောင် ကာကွယ်ပါ🌷

တစ်ခဏလေးဆုံကြတဲ့အနေထားမှာ
ဘယ်သူ့ကိုမှ မုန်းဖို့ မကြိုးစားပါနဲ့ ။

မတည့်ဘူး ကြည့်မရဘူးဆိုရင်တောင်
သူနဲ့ပတ်သက်လို့ အကုသိုလ်မဖြစ်ဖို့
လျစ်လျူရှုထားလိုက်ပါ ။

နောက်ဘ၀ဆိုတာက
ဘယ်သွားလို့ ဘယ်လာရမှန်းမသိလို့

တွေ့နေရတဲ့ဘ၀မှာ အတတ်နိုင်ဆုံး
မေတ္တာမပျက်ဖို့ ကြိုးစားနေပါ ။

လောကသဘာ၀က
ကောင်းတာလည်း ရှိတယ်
မကောင်းတာလည်း ရှိတဲ့အတွက်

ကောင်းတာချည်းကိုပဲ သီးသန့်လေး
လိုချင်လို့တော့ မဖြစ်နိုင်ပါဘူး ။

အာရုံတွေကတော့ အမျိုးမျိုး
တွေ့ကြုံခံစားနေရမှာ ဖြစ်ပါတယ် ။

ဘယ်လို့အာရုံပဲတွေ့လာပါစေ
ကိုယ့်စိတ်မှာ အညစ်ကြေးတွေမကပ်ဖို့
နေထိုင်ရမှာက အဓိကပါပဲ ။

ကိုယ့်မှာ မျက်စိနားပါတဲ့အတွက်
အာရုံတွေဟာ တိုက်လာကြမှာပါပဲ ။

ကိုယ်က နှလုံးသွင်းမှန်စွာထားလို့
အဆိုးမဖြစ်အောင် ကာကွယ်ဖို့လိုပါတယ် ။

🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏

ချစ်ခြင်းများစွာဖြင့်မျှဝေအပ်ပါသည်