လောက်ကိုင်မြို့ရှိ MNDAA ရဲ့ စစ်ဆင်ရေးဌာနချုပ်တွေဖြစ်တဲ့နေရာတွေ အတော်များများ ဗုံးကြဲခံရပါတယ်။ ကွပ်ကဲမှုဌာနချုပ်တွေပဲလားဆိုတော့ မဟုတ်ပါဘူး။ လောက်ကိုင်မြို့ထဲက MNDAA ရဲ့ အခိုင်အမာ စစ်တန်းလျား တွေကိုပါ ကြဲတယ်လို့ သိရပါတယ်။
(ဇူလိုင် ၁၄ ရက်နေ့) အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် MNDAA အဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းတွေအပါ လက်အောက်ခံအဖွဲ့တွေ အတော်များများ သေဆုံးသွားပါတယ်။
ယခုလို တပ်တည်နေရာတွေ သတင်းပေါက်ကြားမှုမရှိစေရန် MNDAA အဖွဲ့ဟာ လောက်ကိုင်မြို့ကို ဗမာလူမျိုး ကင်းစင်ရေးနယ်မြေအဖြစ် ပြုလုပ်ထားသော်လည်း MNDAA ကို မလိုလားတဲ့ ကိုးကန့်လူမျိုးတွကပဲ အစိုးရကို သတင်းတွေပေးလျက်ရှိပါတယ်။
လားရှို့မြို့နယ်မှာ ဖြစ်နေတဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် MNDAA အဖွဲ့ဟာ ထိခိုက်ကျဆုံးမှုများပြားပြီး အသက်ကြီးသူများကိုပါ တပ်သားသစ်တွေ စုဆောင်းနေကြပါတယ်။ အသက် ၆၅ နှစ်အောက် ကိုးကန့်လူမျိုး တိုင်း လက်နက်ကိုင်တိုက်ပွဲဝင်ရမယ်လို့လည်း စာထုတ်ထားတာ တွေ့ရတယ်။
ဒါ့အပြင် တရုတ်ကွန်မြူနစ်ပါတီကို ဂုဏ်ပြုတဲ့အနေနဲ့ တိုက်ပွဲတွေကို ၅ ရက်ကြာ ရပ်စဲထားမယ်လို့လည်း သိရပြီး တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်မှာဖြစ်နေတဲ့ တိုက်ပွဲများသည် တရုတ်ကွန်မြူနစ်ပါတီနဲ့ လုံးဝ သက်ဆိုင်မှုမရှိကြောင်း သတင်းထုတ်ပြန်ထားသလို MNDAA အဖွဲ့ကိုလည်း တရုတ်က ရာဇသံပေးထား တယ်ဆိုတဲ့ သတင်းတွေလည်း တက်နေပါတယ်။
သေချာတာတစ်ခုကတော့ ထိခိုက်ကျဆုံးမှုများနေတဲ့ MNDAA အဖွဲ့ဟာ ပြင်ဆင်စုဖွဲ့ရန် အချိန်ယူဖို့၊ တပ်ဖွဲ့ဝင်တွေ စိတ်ဓာတ်ကျဆင်းမှုကို ကုစားဖို့၊ ကျဆုံးအလောင်းများ ကောက်ယူဖို့နဲ့ ဒဏ်ရာရသူများကို ဆေးကုဖို့အတွက် အပစ်ရပ်ထုတ်ပြန်ချက်ကို ထုတ်လိုက်တာပါပဲ။ ထိုထုတ်ပြန်ချက်ကို ဘာမှမဆိုင်တဲ့ တရုတ်ကွန်မြူနစ်ပါတီ ကိုဆွဲထည့်ပြီး နိုင်ငံရေးအရ ရှုပ်ထွေးစေလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ဒီထက်သေချာတာ တစ်ခုကတော့ ၉၅ % ကျော် မြန်မာပြည်သူလူထုဟာ အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ နယ်မြေတွေကို ဆက်လက်ဗုံးကြဲတိုက်ခိုက်ဖို့ စိတ်အားထက်သန်လျက်ရှိကြောင်း သိရှိရပါတယ်။
တိုက်ပွဲသတင်းစုံ
