ကျိုက်ထိုတွင် KNU/PDF အကြမ်းဖက်သမား အလောင်း/လက်နက်ခဲယမ်းများရရှိ

ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းရွာအနီး ဇွန်လ ၂၀ ရက်နေ့၊ နေ့လည် ၁၂ နာရီအချိန်ခန့်က တပ်မတော်လုံခြုံးရေးအဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် KNU တပ်မဟာ (၁) လက်အောက်ခံ KNU/PDF အကြမ်းဖက်သမားများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး KNU/PDF အကြမ်းဖက်သမားများ အထိနာ၍ ထွက်ပြေးသွားခဲ့ကြောင်း၊ ဖြစ်စဉ်အတွင်း အကြမ်းဖက်သမား အလောင်း ၂ လောင်း၊ Sig Sauer အမျိုးအစား ပစ္စတို ၁လက်၊ ၎င်းကျည်အိမ်-၂ ခု၊ ၎င်းကျည် ၁၀တောင့်၊ M-16 ပုံပြောင်း M-4 carbine ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ M-4 အမျိုးစား သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၃ ခု၊ ၎င်းကျည် ၄၀ တောင့်တို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။