လောကဓံ မခံနိုင်ခြင်း
လူတွေက အဆိုးလောကဓံနဲ့ကြုံရင်
“လောကဓံနဲ့ကြုံလို” ဆိုပြီးညည်းကြတယ်။
ကောင်းတာလေးနဲ့တွေ့ပြီဆိုရင် မှိန်းနေတာ။
လောကဓံမှန်းတောင်မသိဘူး။
ပြောလည်းမပြောတော့ဘူး။
အောင်မြင်ကြီးပွားနေရင် လောကဓံလိုမထင်ဘူး။
အဲဒါလည်း လောကဓံပဲ။
အောင်မြင်ကြီးပွားလာရင်
စိတ်ဓာတ်တက်ကြွမှုတွေ ၊မာန်မာနတွေဖြစ်လာတယ်။
စိတ်ဓာတ်ဟာ တသမတ်တည်း
တည်ငြိမ်နေတာမျိုးမဖြစ်ဘူး။
အေး….ငါလိုလူ ဇမ္ဗူမှာရှိသေးရဲ့လားလိုထင်တယ်။
လုပ်ချင်တာတွေ အကုန်လုပ်တယ်။
ကိုယ်ရချင်တာတွေ အကုန်ရပြီးပျော်လိုက်တာ။
ဟော စိတ်ဓာတ်တွေတက်ကြွ၊
ဘယ်သူ့ကိုမှတောင်လူမထင်ဘူး။
ကိုယ်လုပ်ချင်တာ အကုန်ရတယ် ဆိုပြီး
လာဘလောကဓံရလာပြီဆိုရင်
မောက်မာလာတယ် ၊ တက်ကြွလာတယ်။
ခြေဖျားထောက်လာကြတယ်။
ဒါလောကဓံမခံနိုင်တာလိုခေါ်တယ်။
ဒါပေမယ့်အများစုက ရတာကိုလောကဓံလို
မထင်မှတ်ကြဘူး။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏