❝VPN သုံးရင် ထောင်ချမှာဆိုပြီး ဝါဒဖြန့်သူတစ်ဦး ဝါဒဖြန့်စာကြောင့် အဖမ်းခံရ❞

❛ဖုန်းထဲမှာ VPN ပါရင်လမ်းမှာ စကစအဖွဲစစ်တာနဲ့ ငွေငါးသောင်း၊ တစ်သိန်းခွဲ၊ သုံးသိန်း ပေးရတယ်❜ ဆိုပြီး လူမှုကွန် ရက်ပေါ်ကနေ ဝါဒဖြန့်ရေးသားနေတဲ့ အမျိုးသားတစ်ဦးဟာ VPN ကြောင့်မဟုတ်ဘဲ သူရေးလိုက်တဲ့ ဝါဒဖြန့်စာကြောင့် အဖမ်းခံလိုက်ရတယ်လို ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

အဖမ်းခံရသူက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးဒေသခံ Sai Kalaw TikTok အကောင့်ပိုင်ရှင် ဖြစ်တယ်လို သိရပြီး သူ့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ ဇွန်လ ၁၄ ရက်နေ့မှာ ဖမ်းဆီးလိုက်တာလို ဆိုပါတယ်။

တောင်ကြီးမြိုမှာ လက်ရှိအထိ VPN နဲ့ပတ်သက်လို စစ်ဆေးဖမ်းဆီးတာ မရှိကြောင်းနဲ့ ယာဥ်စည်းကမ်းလမ်းစည်းကမ်းအသိ ပညာပေးလုပ်ငန်းတွေသာ နေ့စဥ်ဆောင်ရွက်နေခြင်းဖြစ်တယ်လို သက်ဆိုင်ရာက ပြောဆိုကြောင်း ဒေသတွင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။

VPN နဲ့ပတ်သက်လို လူထုအကြားမှာ ကောလာဟလသတင်းတွေ ထွက်ပေါ်နေပေမယ့် VPN အသုံးပြုရင် အရေးယူမယ်၊ မယူဘူးဆိုတာကိုတော့ အာဏာပိုင်အဖွဲအစည်းတွေက တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။

#CRD𝙈𝙃𝙏𝙉𝙀𝙒𝙎