ပြည်တွင်းရွှေဈေးကွက်အတွင်း မတည်မငြိမ်ဖြစ်အောင် ပြုလုပ်နေသူများ ဖော်ထုတ်ဖမ်းဆီး

       ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက် ရှိသည့် တရားမဝင်ရွှေအရောင်းအဝယ်ပြုလုပ်နေသည့် ပွဲစားများအပါအဝင် စုစုပေါင်း တရားခံ ၂၁ ဦးအား ဖော်ထုတ်ဖမ်းဆီးစစ်ဆေးလျက်ရှိပါသည်။

     ၎င်းတို့၏ထွက်ဆိုချက်များအရ ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းမတည် မငြိမ်ဖြစ်အောင် နောက်ကွယ်မှ ဆောင်ရွက်လျက်ရှိသည့် အောက်ပါတရားခံ ၁၀ ဦးအား ဥပဒေနှင့်အညီ ခေါ်ယူစစ်ဆေးနိုင်ရေးဆောင်ရွက်ခဲ့ရာ ၎င်းတို့သည် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ ဖမ်းဆီးခြင်းမခံရစေရန် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရှိ ရပါသည်-

စဉ်အမည်အလုပ်အကိုင်နေရပ်လိပ်စာမှတ် ချက်
   ဦးကျော်ငြိမ်း စိန်ကျော်မိုးရွှေဆိုင်အမှတ်(၁၀၉)၊ မြေညီထပ်၊ ရွှေဘုံသာ လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး 
   ဦးမျိုးသူဝင်းအကယ်ဒမီ ရွှေသန့်စင်လုပ်ငန်းအမှတ်(ဒီ/၁၈)၊ ဦးဝိစာရလမ်း၊ (၃၄)တိုးချဲ့ရပ်ကွက်၊ စက်မှုဇုန်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး 
   ဦးသက်နောင်ဝင်းခရမ်းသုံးခွရွှေဆိုင်အမှတ်(၁၁၉)၊ ဒုတိယထပ်၊ (၂၉)လမ်း၊ (၇)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး 
   ဦးဆန်းဝင်းဇွဲထက်ရွှေဆိုင်အမှတ်(၆၅)၊ (၂၂)လမ်း၊ မဟာဗန္ဓုလ လမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး 
   ဦးအောင်ဆန်းဝင်းအောင်သမာဓိရွှေဆိုင်အမှတ်(၁၁၂)၊ ၈၉ လမ်း၊ ၂၁ x ၂၂ ကြား၊ မင်းတဲအီကင်းရပ်ကွက်၊ အောင်မြေ သာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး 
   ဦးအောင်ကောင်းမြတ်ဝိန့်စိန်ရွှေဆိုင်အမှတ်(၄၅၇)၊ မဟာဗန္ဓုလလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး 
   ဦးအေးကြူရွှေဇင်ဝင်း ရွှေသန့်စင်လုပ်ငန်း(၂၉)လမ်း၊ အောက်ဘလောက်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး 
   ဦးကျော်ဝင်း(ခ) ပန်းသီးပွဲစားအမှတ်(၂၈)၊ သိမ်ဖြူဈေးဖြတ်လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး 
   ဦးညီညီဦး(ခ)ချက်ကြီးပွဲစားအမှတ်(၂)၊ မင်္ဂလာရိပ်သာ၊ ဇဝနရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး 
၁၀   ဒေါ်တင်တင်ခိုင်(ခ) စန္ဒာတင်ပွဲစား

အမှတ်(၉၅)၊ ဘုန်းကြီးလမ်း၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး





ထိုကဲ့သို့ ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိသည့် တရားမဝင် ရွှေအရောင်းအဝယ်ပြုလုပ်နေသည့်ပွဲစားများ အပါအဝင် ဖမ်းဆီးရမိတရားခံ စုစုပေါင်း ၂၁ ဦးအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် တရားခံ ၁၀ ဦးအားလည်း ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် အဆိုပါထွက်ပြေးတိမ်းရှောင်နေသည့်တရားခံများအား သိရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံ လျှို့ဝှက်စွာသတင်းပေးပို့နိုင်ကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။