
ဟား ၅ ကောင်အဖွဲ့ က လူရွှင်တော်ဝိုင်းကျော်ဟာ ဒီနေ့ မွန်းလွဲ ၁၂ နာရီလောက်က မဲဆောက်ဆေးရုံကြီးမှာ အသည်းခြောက်ရောဂါကုသမှုခံယူရင်း သေဆုံးသွားတယ်လို့ ကနဦးသိရပါတယ်။
ဟားငါးကောင်အဖွဲ့ဟာ နွေဦးတော်လှန်ရေးမှာ ပါဝင်ထောက်ပို့ လုပ်နေကြသူတွေဖြစ်ပြီး ဝိုင်းကျော်ကတော့ အသည်းခြောက်ရောဂါ ခံစားနေရမှုကိုကုသရင်း အခြားရောဂါတွေပါဝင်ကာ ၉၆ ပါးရောဂါနဲ့ သေဆုံးသွားတာပါ။
“ခရီးက မဆုံးသေး လူက ဆုံးသွားပြီ …။ အကိုကြောင့် ရယ်မောပျော်ရွှင်ခဲ့ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကိုဝိုင်းကျော် ကောင်းရာနေရာမှာ ရှိနေပါစေ”လို ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့ က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပိုင်ရဲသူက ဆုတောင်းပေးထားပါတယ်။
ဝိုင်းကျော်ဟာ အသည်းခြောက်ရောဂါနဲ့ သေဆုံးချိန်မှာ အသက် ၃၈ နှစ်အရွယ်သာရှိသေးပြီး ဇနီးဖြစ်သူပန်းမြတ်နဲ့ လူမမယ်သားငယ်ဘေဘီဝိုင်းကျော်တို ကျန်ရစ်ခဲ့သလို သူ့ကိုတော့ လာမဲ့ မေလ ၂၄ ရက်မှာ အသုဘချနိုင်ဖိုပြင်ဆင်နေတယ်လို့သိရပါတယ်။
