မီးစက်ဆီဖြည့်စဥ် လျှံကျရာမှ မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြိုသစ် (ဆိပ်ကမ်း)မြိုနယ်၊အမှတ်(၉၄) ရပ်ကွက်၊ ရွှေလီလမ်းနှင့် ကံ့ကော်လမ်းထောင့်ရှိ ၂ ခန်းတွဲ၊ ကျုးကျော်တဲနေအိမ်တွင် မေလ ၁၇ ရက် ည ၇ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၇ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

မီးလောင်မှုမှာ မီးစက်နှိုးထားစဥ် မီးစက်ထဲသို့ ဆီဖြည့်ရာဓာတ်ဆီလျှံကျပြီး အိတ်ဇောပေါ်သို့ ကျရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

“မီးကစစချင်း လောင်တာများတယ်။ အိမ်ခြေကလည်းစိပ် ၊ လေကလည်းတိုက်နေတာ။ မီးသတ်သမားတွေလည်း အငြှိမ်းမြန်တာ ရော ပတ်ဝန်းကျင် ပြည်သူကလည်း ဝိုင်းငြှိမ်းကြလို မီးအရမ်းကြီးမသွားတာပါ”ဟု မီးသတ်သမားတစ်ဦး က ပြောသည်။

မီးလောင်မှုကြောင့် သွပ်မိုး၊ သွပ်ကာ၊ ပျဥ်ခင်း လူနေအိမ် ၂ လုံး၊ သွပ်မိုး၊ ဝါးထရံကာ အထပ်သားခင်း လူနေအိမ် ၁ လုံး၊ သွပ်မိုးသွပ်ကာ ဟော်လိုတိုင်၊ အထပ်သားခင်း လူနေအိမ် ၂ လုံး၊ သွပ်မိုးဝါးထရံကာ အထပ်သားခင်း လူနေအိမ် ၁ လုံး၊ ဓနိမိုးသွပ်ကာ အထပ်သားခင်း လူနေအိမ် ၁ လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၃ စီး၊ အထောက်အကူပြုယာဥ် ၂ စီးနှင့် သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲဝင် ၆၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရာ ၂၅ မိနစ်အကြာတွင် မီးငြိမ်းခဲ့သည်။

မီးလောင်မှုကြောင့် ဦးမောင်ဆန်းဝင်း (၄၄နှစ်)ကို ပုဒ်မ ၂၈၅ ဖြင့် ဒဂုံမြိုသစ် (ဆိပ်ကမ်း)မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

#MT_News