မေလ (၉)ရက်နေ့ မနက်ပိုင်း မြင်းခြံမြို့နယ်၊ ဆုံရွာမှာ ဖြစ်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုက အကြောင်းမဲ့တော့ မဟုတ်နေခဲ့ဘူး။
မြင်းခြံ၊ ဆီမီးခုံနယ်ထဲက ဒေသခံအချို့ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ-
“ဆုံရွာက ရွာသူ၊ရွာသားတွေဟာ နေပြည်တော်မှာ တည်ထားကိုးကွယ်မယ့် မာရဝိဇယကျောက်တုံးတော်ကြီးကို ဆီးမီးခုံဆိပ်ကမ်းကနေ အစစအရာအရာ လုပ်အားပေး ကူညီထောက်ပံ့ပေးခဲ့ကြတာ ပြီးဆုံးတဲ့အထိပဲ၊ အဲ့နားကတခြား ကျန်တဲ့ရွာတွေက တစ်ရွာမှ မကူညီကြဘူး။ အဲ့ဒီအငြိုးနဲ့ စစ်တပ်ထောက်ခံ ပျူရွာဆိုပြီး တစ်ရွာလုံးမီးရှို့ပြီး သတ်ခံလိုကြရတာပါပဲ။ အခုလည်း အဲ့ရွာနဲ့ အဲ့ရွာကိုလာမယ့် စစ်ကြောင်းကိုတိုက်ဖို့ အင်အားစုနေကြတယ်” လို့ ဆိုပါတယ်။
ဆုံရွာဖြစ်စဥ်ကို ဝမ်းမြောက်ဝမ်းသာနဲ့ အကြမ်းဖက်သမားများကို ကြိုဆို အောင်ပွဲခံခဲ့ကြတဲ့ ရွာရှည် ရွာကိုလည်း ကျေးရွာဖွံ့ဖြိုးတိုးတတ်ရေးစီမံချက်များ၊ ရေ၊လျှပ်စစ်မီးနှင့်ကျန်းမာရေး အခြားသော အထောက်ပံ့များ ဖြတ်တောက်ရပ်ဆိုင်းပေးဖို့လည်း လိုအပ်ကြောင်း ဆီမီးခုံနယ် ဒေသခံတစ်ချို့မှ ပြောကြားခဲ့ပါတယ်။
CRD