နျူကလီယားဆိုတာ …..
အေးချမ်းစွာအသုံးချနိုင်တဲ့ အနေအထားရှိသလို
စစ်လက်နက်ပစ္စည်း အနေနဲ့ အသုံးချမယ်ဆိုရင်…
အင်မတန်မှ ကြောက်စရာကောင်းတဲ့..လက်နက်တစ်ခုပဲဖြစ်ပါတယ်။
ငြိမ်းချမ်းစွာ အသုံးချခြင်းဆိုတဲ့ နေရာမှာ ..
အခု လူတွေအသုံးပြုနေတဲ့ ..လျှပ်စစ်ထုတ်လုပ်ခြင်း နဲ့
ဆေးပညာ နယ်ပယ်မှာ အသုံးချခြင်းများပဲဖြစ်ပါတယ်…..
လျှပ်စစ်ထုတ်တဲ့ နေရာမှာဆိုရင်….
နျူကလီယားစွမ်းအင်ရှိနေတဲ့…လက်သီးဆုပ်လောက် ပမာဏဟာ
မြို့တစ်မြို့ ၊ နှစ်မြို့လောက်ကို အသာလေး လျှပ်စစ်မီး
ပေးစွမ်းနိုင်တယ်….
ကဲ…အဲ့တာဆိုရင်
အဆင်မြှင့်တင်ထားတဲ့ .. နျူကလီယားလက်နက်တွေဆို တွေးကြည့်ကြည့်လိုက်..
ပစ်လိုက်ပြီဆိုတာနဲ့ ဘယ်လိုဖြစ်သွားမလဲဆိုတာ..
ကဲ …အခုဆိုရင် နျူကလီယားစစ်ပွဲအတွက်
ဇာတ်လမ်း စနေပြီ
ရုရှားတပ်တွေလည်း ယူကရိန်းမြောက်ပိုင်းက
ဘီလာရုစ်ထဲရောက်နေပြီ
Poseidon တွေကလည်း
နေရာတော်တော်များများ ချိန်ရွယ်ထားပြီးပြီတဲ့
ရုရှားရဲ့ နျူကလီယား လက်နက်တွေဟာ
ကီလိုမီတာ ၅၅၀၀ ကျော်ထိ.ပစ်ခတ်နိုင်တယ်..
ဒုတိယကမ္ဘာစစ်မှာ.
ဂျပန်ကို ချခဲ့တဲ့ fat Man နဲ့ Little Boy
နျူကလီယား လက်နက်တွေရဲ့
ပျမ်းမျှ ဖျက်စီးနိုင်တဲ့ ..Area ဟာ
အချင်းဝက် ၂.၃ မိုင် အတွင်းက လူတွေကို
ချက်ချင်းသေစေနိုင်တယ်..
၂.၃ မိုင် အထက် Area ဟာ တဖြည်းဖြည်းချင်း
ရေဒီယိုသတ္ထူကြွပြီး ရောဂါဘယတွေခံစားကြရမှာဖြစ်ပါတယ်…
နောက်ထပ်အဆင့်ကတော့….
နျူကလီယား ဗုံးအချခံရတဲ့ မြို့တွေမှာ ..
စားသောက်ပင်တွေ၊ သီးနှံပင်တွေဟာ
စားသုံးမရတော့ပဲ အငတ်ဘေးနဲ့ပါ…
ထပ်မံကြုံတွေ့ရမှာဖြစ်သလို
နျူကလီယားဒဏ်ကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့
မွေးလာတဲ့ကလေးတွေပါ ဆွံအနားမကြားခြင်း၊ မသန်စွမ်းခြင်းနဲ့
အခြားသောရောဂါတွေပါ ခံစားကြရမှာပါ…
ကဲ.ဒီလိုဆို
နျူကလီးယား စစ်ပွဲသာဖြစ်ခဲ့ရင်
ယူကရိန်း တင်ခံစားရမှာမဟုတ်ဘူး..
ဘေးနိုင်ငံတွေ….ကျွန်တော်တို့ နိုင်ငံတွေပါ
နျူကလီယားရဲ့ အကျိုးဆက်ကို ခံစားကြရမှာဖြစ်ပါတယ်…
Elon Musk ကလည်း
ရုရှားက မိနစ် ၃၀ အတွင်း အနိုင်ယူနိုင်တယ်တဲ့
–
အဲဒီတော့
နျူကလီယားစစ်ဖြစ်ရင် အကုန်ထိကြမှာပါပဲ ။
ဆိုတော့…သဗ္ဗေသတ္တာ ကမ္မသကာ ပဲပေါ့ဗျာ….
