တပ်မတော်စစ်ကြောင်းများက KNU၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော ကမမောင်း-ဖာပွန်သွား လမ်းကြောင်းတစ်လျှောက်အား နယ်မြေလုံခြုံရေးနှင့်နယ်မြေစိုးမိုးရေးလုပ်ငန်းများကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယနေ့တွင် အဆိုပါလမ်းကြောင်းပေါ်ရှိ ဆင်စွယ်ကျေးရွာအား ထပ်မံ၍ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။ KNU၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် ဒေသတွင်းအဖျက်အမှောင့်လုပ်ငန်းများဆောင်ရွက်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်စေရန်ရည်ရွယ်၍ ကမမောင်း-ဖာပွန်သွားကားလမ်းမကြီးအား ယာယီစိုးမိုးထားသဖြင့် တပ်မတော်စစ်ကြောင်းများက အဆိုပါလမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးပြီး ပြည်သူလူထု၏ လူမှုစီးပွားဘဝများကို ပြန်လည်ဖော်ဆောင်ပေးနိုင်ရန်အတွက် ကမမောင်းမြို့တွင် လိုအပ်သည့်…