ဇန်နဝါရီလ ၂၁ ရက်နေ့မှုခင်းသတင်းများ

-ဇန်နဝါရီလ ၂၀ ရက် ၁၁၁၅ နာရီတွင် မြင်းခြံမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ပြောင်းပြာတံတားကားလမ်း၏ အနောက်ဘက် ခြမ်းရှိ တံတားပြုပြင်ရန်အတွက် ပုံထားသော ကျောက်ပုံပေါ်၌ လက်လုပ်မိုင်း ၁ လုံး ထောင်ထားကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အလျား ၆ လက်မ၊ အချင်း ၃ လက်မခန့်ရှိ PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံး တွေ့ရှိခဲ့သဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရ။