ကုဋေရှစ်ဆယ် သူဌေးသားကသိပ်သနားဖို့ကောင်းတယ်နော် ဆရာမ “
ဆရာမ မျက်ထောက်နီနဲ့ ကြည့်တဲ့အကြည့် ကျွန်တော်သိသည်။
” နင်က ဘာသနားတာလဲ “
” နင်သာ လူမိုက် ဒုစရိုက်တဲ့..လား ဆရာမရယ် သူကဘာမဟုတ်တာ လုပ်လို့လဲ “
ဆရာမ မျက်လုံးပြူးပြီး ကြည့်တယ်။ ဘာမှမပြောသေးဘူး။
” သူ့ရှိတဲ့ ပိုက်ဆံလည်း အခိုးခံရတယ်။ လူတွေက ကျေးဇူးတရား နားမလည်ကြဘူးနော် “
” သူက ပညာမှ မတတ်တာ “
” ပညာမတတ်ရင် နှလုံးသားမဲ့ရောလား…ဆရာမ။ သူ့ပစ္စည်းတွေ အခိုးခံရတာတောင် ပြန်ပြီးမခိုးရကောင်းမှန်းသိလို့ မလုရကောင်းမှန်းသိလို့ တောင်းစားတာလေ….ဘာလို့ဝိုင်းရိုက်တာလဲ “
” အဲ့ဒါ “
” သားကတော့ အဲ့ဒီလူ့ပတ်ဝန်းကျင်ကိုပဲ အမြင်ကပ်တာ။ သူတိုလည်း ပညာမဲ့လောက်တယ်။ ပညာတင်မကဘူး နှလုံးသားလည်း မဲ့လောက်တယ် “
” ဘာ “
” သားမေးပါရစေ…
အဲ့ဒီကဗျာက သူဌေးသားကို
အကောင်းပြောတာလား….?
မကောင်းပြောတာလား….? “
” ဟို…မကောင်းပြောတာလေ သားရဲ့ “
” ဒါဆို သူ့ဝိုင်းရိုက်တဲ့သူတွေက ကောင်းတယ်ပေါ့ “
” ကဗျာက ပညာမဲ့တာကို မကောင်းပြောတာလေ “
” နှလုံးသားမဲ့တာကျတော့ရော…?
စာနာစိတ်မဲ့တာကျတော့ရော…?
မြေနိမ့်ရာ လှံစိုက်တာကျတော့ရော…?
ကူညီရကောင်းမှန်း မသိတာကျတော့ရော…? “
” ကဗျာရဲ့ဆိုလိုရင်းကို သားသိအောင်ကြိုးစား “
” ဆရာမ ဒီမှာကြည့် “
ဆရာမကို သူ လက်ခလယ်ထောင်ပြလိုက်တယ်။
” နင် နင် ရိုင်းလှချည်လား “
” သား ဘာရိုင်းလိုလဲ “
” နင်ငါ့ကို ဘာလို လက်ခလယ် ထောင်ပြတာလဲ “
” နင့်ကို ကျောင်းအုပ်ကြီးရုံးခန်း ပိုမယ် “
” သားပေးချင်တဲ့ ဥပမာက အဲ့ဒါ …..!
သား ဘယ်လိုရှင်းပြရှင်းပြ ဆရာမ
လက်ခံမှာ မဟုတ်တော့ဘူး…
သားရဲ့ လက်ခလယ်မှာ မှဲ့ပါတယ်။
ပြသူနဲ့ကြည့်သူမှာ ကိုယ်ပိုင်ယူဆချက်တွေရှိတယ်။
တူတဲ့အခါ တူမယ်..ကွဲတဲ့အခါ ကွဲမယ်…
ဒါပေမယ့် ပြသူမှာ ပိုတာဝန်ရှိတယ်
ဒီကဗျာလည်း ဒီလိုပဲ “
” ဘာဆိုင်လို့လဲ “
” ဆားထုံဆရာတော်က
ပညာမဲ့တာကို အဆိုးရေးထားတယ်။
နှလုံးသားမဲ့တာကို အပြစ်တောင် တင်မထားဘူး။
ဆရာမ ဘယ်လိုမြင်လဲမသိဘူး
သားကတော့ ဒီလိုပဲမြင်တယ် “
” သားထပ်မေးမယ်
ပညာမဲ့တာနဲ့ စာနာစိတ်မဲ့တာ ဘယ်ဟာ ပိုဆိုးလဲ ” #Credit_owner_with_respect