လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် ရန်နိုင်စိုး(ခ) ရန်နိုင် မောင်းနှင်ပြီး မအိအိခင်(ခ)မအိ နှင့် မမေဦးကိုကို(ခ)မေဦးကြည်လင် တို့ လိုက်ပါလာသည့် ALPHARD မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၆၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်၊ ပုလဲလမ်းတွင် ဖမ်းဆီးရမိ အိုက်စ်များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် AA အဖွဲ့မှ ဒုဗိုလ်အဆင့်ရှိ နေလင်းထွန်း(ခ) နောနော်(ခ)ကျော်စိုး နှင့် ဒုဗိုလ်အဆင့်ရှိ စိုးထွန်း တို့အား ALPHARD မော်တော်ယာဉ် ၁ စီးနှင့် လည်းကောင်း၊ ယင်းနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန် ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်၊ ကနောင်မင်းသားကြီး လမ်းရှိ ဂိုဒေါင်တွင် AA အဖွဲ့မှ ဗိုလ်အဆင့်ရှိ ထွန်းလင်း(ခ)ပြုံးချို အား အိုက်စ် ၈၆၅ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ ည ၇ နာရီအချိန် ဇော်မင်းထွေး(ခ)သန်းဝင်း နှင့် မသင်းမြတ်ဆွေ(ခ) ရင်ရင်လှ တို့အား အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ဖမ်းဆီးရမိ အိုက်စ်များအား ရန်ကုန်မြို့တွင်လက်ခံ၍ ပြည်ပသို့ ရေကြောင်းမှ သယ်ဆောင်ရာတွင် စီမံခန့်ခွဲသူ သားကြီး(ခ) ဦးလှဝင်း အား တောင်ငူမြို့၊ အမှတ်(၁၁)ရပ်ကွက်ရှိ ဟိုတယ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ဆေးချက်အရ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် တောင်ဥက္ကလာပမြို့နယ်၊ (၉)ရပ်ကွက်၊ မေတ္တာလမ်းတွင် ၎င်းပိုင်ဆိုင်သည့် CANTER BOX မော်တော်ယာဉ်ပေါ်မှ အိုက်စ် ၁,၁၄၀ ကီလို၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလို ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်း၊ ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ကမာရွတ်မြို့နယ်၊ ဆင်မလိုက်သင်္ဘောကျင်း၌ စိုးပိုင်(ခ) စိုးစိုး၊ ဌေးလင်းဇော်၊ ကျော်ဌေးစိုး၊ AA အဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိ ဦးကျော်ဟန်၊ တပ်သား အဆင့်ရှိ ကျော်လင်းဆန်း နှင့် တပ်သားအဆင့်ရှိ ဦးထွန်းနု တို့ ၆ ဦးအား ပြည်ပသို့ ပင်လယ် ရေကြောင်းမှတစ်ဆင့် မူးယစ်ဆေးဝါးများသယ်ဆောင်သည့် တနင်္သာရီ(၁)အမည်ရှိ သံခွံကုန်တင် သင်္ဘော ၁ စီးနှင့်အတူ ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၂ ဒသမ ၀၇ တန်အား မူးယစ်မှောင်ခိုဂိုဏ်းဖွဲ့၍ ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့သယ်ဆောင်ပြီး ပင်လယ်ရေကြောင်း မှတစ်ဆင့် ပြည်ပသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းနှင့် စိတ်ပြောင်းဆေးဝါးများထုတ်လုပ် ရာတွင်အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများကို ရှမ်းပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ်ကြောင်း၊ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများအား AA အဖွဲ့မှ ဗိုလ်မှူးကြီး အဆင့်ရှိသူ ကျော်မြတ်ဦး(ခ)သားသား(ခ)ဝေသာထွန်း ၏ ဦးစီးစီမံခန့်ခွဲမှုဖြင့် သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း နိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
Related Posts
AA အကြမ်းဖက်သောင်းကျန်းသူ (၃)ဦး ကိုယ်မိုင်းကိုယ်ဖော်စဉ် ပေါက်ကွဲမှုဖြစ်ပွား
- admin
- December 31, 2023
AA အကြမ်းဖက်သောင်းကျန်းသူများမှ အများပြည်သူသွားလာနေသော ကျောက်ဖြူမြို့၊ သိုင်းချောင်းလမ်းဆုံတွင် မိုင်းများလာရောက်ထောင်ထားသဖြင့် ဒေသခံလူထုမှ “ဒေသခံများ ထိခိုက်ရန် မလုပ်သင့်ကြောင်းနှင့် အဆိုပါလမ်းတွင် ဒေသခံများသွားလာနေသဖြင့် ပြန်လည်ဖော်ပေးရန်”ဝိုင်းဝန်းပြောဆိုခဲ့ကြကြောင်း သိရှိရသည်။ ထိုသို့ […]
KNDF အကြမ်းဖက်များပစ်ခတ်မှုကြောင့် ဘုန်ကြီး ၁ ပါး ပျံလွန်တော်မူခဲ့ပြီး ၂ ပါးဒဏ်ရာရ
- admin
- November 30, 2024
လွိုင်လင်လေးမြို့နယ်ရှိ ထီးစဲခါးကျောင်းတိုက်ဆရာတော်အား အကြမ်းဖက် KNDF/PDF များမှ ရက်ရက်စက်စက် သတ်ဖြတ်လိုက်ကြောင်း သိရှိရပါသည်။ 30-11-2024 ရက်နေ့ (ယနေ့) လွိုင်လင်လေးမြို့နယ်ရှိ ထီးစဲခါးကျောင်းတိုက်ဆရာတော်သည် စေတီတော်တည်ရန်အတွက် မန္တလေးသို့ […]
ရွှေဘိုမြို့နယ်တွင် တပ်မတော်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၂၅ ဦး သေဆုံးတဲ့ သတင်းအမှား
- ရှင်ယွန်း
- February 24, 2023
ဖေဖော်ဝါရီ ၂၁ ရက်နေ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပေါက်ချိုင်ရွာကို မီးရှို့နေသော တပ်မတော်တပ်ဖွဲ့ဝင်များကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှုမှာ စစ်သား ၂၅ ဦးသေဆုံးခဲ့တယ်လို […]