
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံထွက် ကြက်သွန်နီကို ဘင်္ဂလားဒေ့်ရှ်နိုင်ငံမှ အဝယ်လိုက်ခြင်းကြောင့် ကြက်သွန်နီဈေးနှုန်း မြင့်တက်မှုရှိလာကြောင်း မုံရွာမြို့ ၊ ရွှေပြည့်အောင်ပွဲရုံမှ သိရသည်။
” အခုကတော့ ဘင်္ဂလားဒေ့ရှ်ဘက်က အဝယ်လိုက်နေတာ။ အလုံးလှတာ သန့်တာဆိုရင် ၃၂၀၀ ကျပ် ပေးဝယ်တယ်။ အလုံးနည်းနည်းညံ့တာ၊ ပြည်တွင်းသုံးတွေက ၃၀၀၀ ကျပ်ပတ်ချာလည်မှာရှိတယ်။ အရင်လထက် စာရင်တတ်လာတယ်။ ပြီးခဲ့တဲ့လကမှ ၂၇၀၀၊ ၂၈၀၀ လောက်ပဲရှိတာ”ဟု မုံရွာမြို၊ ရွှေပြည့် အောင်ပွဲရုံပိုင်ရှင်က ပေါ်ပြူလာနယူးစ်သို ပြောသည်။
မြန်မာ့ကြက်သွန်ကို တရုတ်၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ မှ အဝယ်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။