နှစ်ရက်တာ ဘယ်လာရုစ်သမ္မတနိုင်ငံ ခရီးစဉ်သည် အောင်မြင်မှုများဝေဆာခဲ့ပေပြီ။ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့မှ စတင်ခဲ့သော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံခရီးစဉ်တို့သည် ယနေ့ဆိုလျှင် ခြောက်ရက်မြောက်ပင်တိုင်ခဲ့လေပြီ။ ရက်မကြာမီဆိုသလို အမိမြန်မာပြည်သို့ ပြန်ရပေဦးမည်။ ခရီးစဉ်တစ်လျှောက် အောင်မြင်ခဲ့မှုများသည်လည်း ပြည်တွင်း၌သာမက အာဆီယံဒေသတွင်းနိုင်ငံများမှ ကမ္ဘာ့ မျက်နှာစာထိတိုင်လှစ်ဟပြသနိုင်ခဲ့ပြီး ကဏ္ဍစုံလွှမ်းခြုံအောင်မြင်ခြင်းဟူသောရလဒ်ကောင်းကို ဖော်ဆောင်နိုင်ခဲ့သည်သာဆိုရပေမည်။ ဘယ်လာရုစ်သမ္မတနိုင်ငံမှသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆီသို့ ပြန်လည်ထွက်ခွာတော့မည် အချိန်ကား…