အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ဒီပါဝလီပွဲတော်အပြီး လေထုညစ်ညမ်းမှုသိသိသာသာမြင့်တက်လာပါတယ်။ နိုဝင်ဘာလ ၈ ရက်နံနက်ပိုင်းမှာတော့ မြို့တစ်မြို့လုံးမီးခိုးမြူထူထပ်စွာဖုံးလွှမ်းကာလေထုညစ်ညမ်းမှုကအဆိုးဆုံးအဆင့်ရောက်လာပါတယ်။ အိန္ဒိယ လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဘုတ်အဖွဲ့ရဲ့တိုင်းတာချက်အရ နယူးဒေလီမြို့ရဲ့လေထုအရည်အသွေးညွှန်းကိန်း(AQI)ဟာ ၄၈၃ အထိ ရောက်ရှိနေတာတွေ့ရပါတယ်။ မြို့အနှံ့ နေရာအများအပြားမှာလည်း AQI ၄၀၀ ကျော်အထိ မြင့်တက်တာကြောင့် ကျန်းမာရေးအန္တရာယ်ရှိအဆင့်ကို ရောက်ရှိနေတာပါ။ လေထုညစ်ညမ်းမှုထိန်းချုပ်ဖို့ တာဝန်ရှိသူတွေဟာ ပွဲတော်အပြီးမှာ မီးခိုးမြူတွေ ထူထပ်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းပြီး အရေးပေါ်အစီအမံ အဆင့် ၃…