တပ်မတော်တွင် စတုတ္ထအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုလုပ်ငန်း ဆောင်ရွက်

တပ်မတော်တွင် ပထမအကြိမ်အသည်း အစားထိုး ခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် အသည်းအစားထိုးလူနာ ၂ ဦး အား လည်းကောင်း၊ ဒုတိယအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်၊ ၃၁ ရက်နှင့် ဖေဖော်ဝါရီလ ၁ ရက်တို့တွင် အသည်းအစားထိုး လူနာ ၃ ဦး အား လည်းကောင်း၊ တတိယအကြိမ် အသည်းအစားထိုး ခွဲစိတ် ကုသမှုကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်မှ ၂၀ ရက်အထိ လည်းကောင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ယခုအခါ စတုတ္ထအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုအား လူနာ ၃ ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမနေ့ အသည်းအစားထိုးခွဲစိတ်ကုသမှုကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ အထူးကုသမှုစင်တာ၌ ပြုလုပ်ခဲ့သည်။