ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်စဉ်အတွင်း နိုင်ငံတော်၏ နိုင်ငံခြားသုံးငွေဆိုင်ရာ မူဝါဒ၊ အရေးကြီး ကုန်စည်ဆိုင်ရာ မူဝါဒနှင့် အခြားစီးပွားရေးဆိုင်ရာ မူဝါဒများနှင့် ဆန့်ကျင်၍ ပုဂ္ဂိုလ်ရေး အကျိုးအမြတ် ရယူဆောင်ရွက်ခဲ့ခြင်းဖြင့် နိုင်ငံတော်ကချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် များနှင့်ဦးတည်ချက် များကို သွေဖည်ဆောင်ရွက်၍ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်ခဲ့ခြင်း၊ နိုင်ငံတော် အစိုးရက စားအုန်းဆီများကိုတင်သွင်းရန် သတ်မှတ်ရာခိုင်နှုန်းအတွက် ကျသင့်ဒေါ်လာများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေး ကာတင်သွင်းစေခဲ့သော်လည်း နိုင်ငံတော်အစိုးရက ခွင့်ပြုရောင်းချရန် သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းထက် ဈေးတင် ရောင်းချခြင်းကို သိလျက် အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ ပတ်သက်ဆောင်ရွက်ခြင်း၊ ကုမ္ပဏီများက ပေးအပ်သည့် တံစိုး လက်ဆောင်ပစ္စည်းများကို ရာထူး လုပ်ပိုင်ခွင့်ကို အသုံးပြု၍ ရယူ ဆောင်ရွက်ခဲ့ခြင်း၊ နိုင်ငံခြားသုံးငွေများကို တရားမဝင် လက်ဝယ် ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြားချက်များကို ဖောက်ဖျက်၍ အရပ်ဘက် စီးပွားရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာဥပဒေပုဒ်မများဖြင့် စွဲချက်တင်ကာ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး နှစ်ဆယ်နှစ်ကာလနှင့်ညီမျှသော တစ်သက် တစ်ကျွန်းဒဏ်ကိုလည်းကောင်း၊ ဗိုလ်မှူးချုပ်(ဟောင်း) ရန်နောင်စိုးသည် ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်စဉ် နိုင်ငံတော်၏ စီးပွာရေး ဆိုင်ရာမူဝါဒနှင့်ဆန့်ကျင်၍ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်ရယူဆောင်ရွက်ခြင်း၊ နိုင်ငံခြားသုံး ငွေဆိုင်ရာမူဝါဒ၊ အရေးကြီးကုန်စည်ဆိုင်ရာမူဝါဒနှင့် အခြားစီးပွားရေး ဆိုင်ရာ မူဝါဒများနှင့် ဆန့်ကျင်ကာ နိုင်ငံတော်ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို သွေဖည် ဆောင်ရွက်၍ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းနှင့် အတူ ပူးပေါင်း ကျူးလွန်ခဲ့ခြင်း၊ ရာထူးလုပ်ပိုင်ခွင့်အား အသုံးပြု၍ စီးပွားရေးလုပ်ငန်းရှင်များအား နိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေများကို လဲလှယ်ပေးခဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များထံမှ နိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေများကို လက်ခံရယူခဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းနှင့် ဆက်သွယ် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံခြားငွေများကို တရားမဝင်လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြားချက်များကို ဖောက်ဖျက်၍ အရပ်ဘက်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာ ဥပဒေပုဒ်မများဖြင့် စွဲချက်တင်ကာ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး နှစ်ဆယ်နှစ်ကာလနှင့် ညီမျှသော တစ်သက်တစ်ကျွန်းဒဏ်ကိုလည်းကောင်း အသီးသီးချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
Related Posts
အင်ဗာတာ အပူလွန်ကဲရာမှ ဖြစ်ပွားခဲ့တဲ့ မုံရွာမီးလောင်မှုအတွင်း နေအိမ် (၉) လုံး ပျက်စီး
- အေးခင်
- June 8, 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ ချင်းတွင်းကမ်းနားအနီး၌ ဇွန်လ ၇ ရက် နံနက်ပိုင်းတွင် နေအိမ်တစ်လုံးရှိ အင်ဗာတာအပူလွန်ကဲရာမှ ဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားကြောင်းသိရပါတယ်။ အဆိုပါ မီးလောင်မှုအတွင်း […]
ဖုန်ကန်ရာဇီ ရေခဲတောင်ကို တက်ခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် မောင်ဖုန်းမြတ်လင်း
- admin
- February 22, 2023
အမြင့်ပေ ၁၁၉၂၀ ပေရှိသောဖုန်ကန်ရာဇီ ရေခဲတောင်သို့ယခုနှစ် တောက်တက်သူများအနက်အသက် ၁၀ နှစ်အောက်ကလေးဖြစ်သော မောင်ဖုန်းမြတ်လင်းကအောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။
ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့ အနမ်းပုံတချို့ လူမှုကွန်ရက်မှာ ပျံ့နှံလာနေတဲ့အတွက် စိတ်တော်တော်ညစ်နေတယ်ဆိုတဲ့ ခြူးလေး
- admin
- February 21, 2023
ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်ခြူးလေးနဲ့ အမျိုးသားတစ်ဦး အနမ်းပေးနေတဲ့ရုပ်ပုံက လူမှုကွန်ရက်မှာ ဒီနေ့ကစပြီး ပျံ့နှံလာနေသလို ပရိသတ်စိတ်ဝင်စားမူမြင့်တက်နေပြီး ဝေဖန်မှုတွေလည်းရှိနေတာကြောင့် စိတ်တော်တော်ညစ်နေရတယ်လို့ သိရပါတယ်။ ပြီးခဲ့ရက်ပိုင်းမှာ ပင်လယ်ပြာပြာ မိုးပြာပြာဇာတ်ကားအတွက် […]