တရုတ်(တိုင်ပေ) သမ္မတ လိုင်ချင်းသယ်သည် အာဖရိကတောင်ပိုင်းနိုင်ငံဖြစ်သည့် အက်စ်ဝါတီးနီနိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကာ၊ အကြောင်းရင်းက တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် အိမ်နီးချင်းနိုင်ငံများက ၎င်း၏ လေယာဉ်ဖြတ်သန်းခွင့်ကို ပိတ်ပင်လိုက်ခြင်းကြောင့်ဟု ကြေညာခဲ့သည်။ ဆေးရှဲလ်စ် ၊ မောရစ်ရှပ်စ်နှင့် မာဒါဂါစကာနိုင်ငံတို့က တရုတ်၏ ပြင်းထန်သည့် ဖိအားပေးမှုနှင့် စီးပွားရေးအကျပ်ကိုင်မှုများကြောင့် လိုင်၏ လေယာဉ်ဖြတ်သန်းခွင့် ပါမစ်များကို ပယ်ဖျက်လိုက်သည်ဟု တရုတ်(တိုင်ပေ)အရာရှိတစ်ဦးက ပြောသည်။ တရုတ်အစိုးရကမူ…