ကြိုတင်ကုသိုလ် ရှိထားရင်
မိမိတို့ရဲ့ဘ၀မှာ
ကောင်းတာ မလုပ်ဖြစ်မှာရယ်
မကောင်းတာ လုပ်မိမှာရယ်ကို
သတိထားပြီးတော့ လိုက်နာပါ ။
ဒီကိစ္စနှစ်ခုဟာ လူ့ဘ၀ရဲ့
အဓိကကျတဲ့ လမ်းကြောင်းတွေပါပဲ ။
မချမ်းသာစွာသေရမယ်
မကောင်းတဲ့ဘ၀ကိုရောက်မယ်ဆိုရင်
လူတွေဟာ အရမ်းစိုးရိမ်ကြပါတယ် ။
ကုသိုလ်တွေနဲ့ ယှဥ်တွဲထားတဲ့သူဟာ
အသေမကောင်းမှာကို မပူရသလို
တမလွန်ဘ၀မကောင်းမှာကိုလည်း
တွေးပြီး စိုးရိမ် နေစရာမလိုပါဘူး ။
အကုသိုလ်အပြစ်တွေနဲ့နေရင်သာ
ကိုယ့်ဘ၀ဟာ စိတ်မချစရာပါ ။
အကြောင်းတရားကောင်းထားရင်
အကျိုးကလည်း ချမ်းသာတဲ့ဆီကို
ပို့ဆောင်လို့ ပေးနိုင်တဲ့အတွက်
နေ့စဥ်ဘ၀မှာ ကုသိုလ်တရားတွေကို
များများရအောင်သာ ကြိုးစားပါ ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏