၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် နယ်မြေခံ လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းအဖွဲ့သည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်ရှိ သီရိရတနာတည်းခိုခန်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ စိုးမင်းအောင်(ခ)ကိုကျော်(၃၇)နှစ်၊ (ဘ)ဦးဝင်းထိန်၊ ၁၄/ကပန(နိုင်) ၁၅၂၁၉၆၊ ဗမာ/ဗုဒ္ဓ၊ ကျပန်း၊ နဝရတ်လမ်း၊ (၅)ရပ်ကွက်၊ လှိုင်သာယာမြို့၊ ငြိမ်းဇော်ထွေး(၂၈)နှစ်၊ (ဘ)ဦးမြင့်ကြည်၊ ၁၄/ဇလန(နိုင်)၁၇၄၄၉၄၊ ဗမာ/ဗုဒ္ဓ၊ တက္ကစီမောင်း၊ မင်းလှစည်သူလမ်း၊ (၆၉)ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နေသူတို့ ၂ ဦးအားဖမ်းဆီးရမိခဲ့ပြီး စိုးမင်းအောင်၏ ထွက်ဆိုချက်အရ တည်းခိုခန်းရှေ့ရပ်ထားသည့် ၎င်းတို့စီးနင်းလာသော ယာဉ်အမှတ် YGN-40 DD/9741 TOYOTA COROLLA (အဖြူရောင်) မော်တော်ယဉ်အတွင်း လက်နက်ခဲယမ်းများသိမ်းဆည်းထားကြောင်း သိရှိရသဖြင့် ဆက်လက်ရှာဖွေခဲ့ရာ M-4 သေနတ် ၃ လက်(မတပ်ဆင်ရသေး)၊ Sig Saure ပစ္စတိုသေနတ် ၁ လက်၊ ၉ မမ ကျည်နှင့် ၅.၅၆ ကျည် (အရေအတွက်စိစစ်ဆဲ)နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။
Related Posts
မန္တလေးတွင် အကြမ်းဖက်သမားများ ဖမ်းဆီးရမိ
- admin
- December 21, 2023
မန္တလေးမြို့ပေါ်၌ အကြမ်းဖက်လှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိသည့် နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေရာ PDF အကြမ်းဖက်သမား အမြောက်အများအား လက်နက်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါတယ်။
ပခုက္ကူမြို့၊ အမှတ်(၁၅) ရပ်ကွက်ရှိ အမျိုးသမီး ၂ ဦးအား PDF များက ဓားပြတိုက်
- ရှင်ယွန်း
- March 16, 2023
မတ်လ ၁၅ ရက်က ညနေ ၃ နာရီခန့်တွင် ပခုက္ကူမြို၊ အမှတ်(၁၅) ရပ်ကွက်တွင် နေထိုင်သော အပြစ်မဲ့ အမျိုးသမီး ၂ ဦးသည် ၎င်းတိုနေအိမ်၌ […]
ချောင်းဦးမြို့ နယ်တွင် တပ်ဖွဲ့ ဝင်များ မိုင်းခွဲတိုက်ခိုက်ခံရ၍ ၂ ဦး သေဆုံးခဲ့တယ်လို့ Khit Thit Media မှ စိတ်ကူးယဉ်ရေးသား
- ပုည
- June 25, 2024
ဇွန်လ ၂၄ ရက်နေ့ ချောင်းဦးမြို့ နယ်၊ မုံရွာ-ချောင်းဦးလမ်းတွင် တပ်ဖွဲ့ ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိခဲ့သော်လည်း Khit Thit Media မှ တပ်ဖွဲ့ ဝင်များ […]