ဘယ်လိုနေရာ ဘယ်အခြေအနေမှာဘဲဖြစ်ဖြစ် အနံ့အသက်မကောင်းတဲ့အခါ နေရထိုင်ရတာလည်း ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ အထူးသဖြင့် မီးဖိုချောင်ထဲ နေ့တိုင်းဝင်နေရတဲ့ အိမ်ရှင်မများပါပဲ။ မိသားစုစားဖို့သောက်ဖို့အတွက် မဖြစ်မနေ မီးဖိုချောင်ထဲဝင်ပြီး ချက်ပြုတ်ရပါမယ်ဆိုကာမှ အထားအသိုမှားလို့ဖြစ်ဖြစ် အကြောင်းတစ်မျိုးမျိုးကြောင့် တစ်နေရာရာက အနံ့ဆိုးထွက်နေပြီဆိုရင် ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် ကိုယ်နေ့တိုင်းဝင်နေရတဲ့ မီးဖိုချောင်ထဲမှာ အနံ့အသက်ဆိုးတွေ မရှိရလေအောင် အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းလေးတွေကို သိထားသင့်ပါတယ်။ အိပ်ခန်းတံခါးတွေ ပိတ်ပါ အနံ့စူးရှတဲ့…