ထွက်ပြေးသူတွေ အရမ်းများနေတဲ့ AA သူပုန်

ရခိုင်ပြည်နယ်က လက်နက်ကိုင်သူပုန်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ AA သူပုန်များအတွင်းမှာ ယခုနောက်ပိုင်း တပ်ပြေး/ထွက်ပြေးတဲ့ သူတွေများလာနေကြောင်း သတင်းများကို မကြာခဏတွေ့ရှိလာနေရပါတယ်။ ဘာလို့ဒီလိုများလာရတာလဲဆိုရင် AA သူပုန်များဟာ ကျေးရွာများတွင် လူသစ်များအတင်းအဓ္ဓမ စုဆောင်းခြင်း၊ ဆက်ကြေးများကောက်ခံခြင်းနှင့် နောက်ဆုံးအဆင့် သူတို့အဖွဲ့များတွင် စားဝတ်နေရေး အဆင်မပြေလာတာကြောင့် ကျေးရွာများအတွင်းမှ ဆန်/ဆီ နှင့် စားသောက်ကုန်ပစ္စည်းများကို အတင်းယူဆောင်နေကြရလို့ သူတို့တပ်ဖွဲ့အပေါ် စိတ်ကုန်လာကြပြီး ၎င်းတို့စခန်းများမှ ထွက်ပြေးခြင်း/ အခြားနိုင်ငံများသို့ ထွက်ပြေးပြီး အလုပ်လုပ်နေရကြောင်း သိရှိရပါတယ်။ AA လက်နက်ကိုင်စတင်ဖွဲ့စည်းကတည်းက ရခိုင်တိုင်းရင်းသားတွေကို တိုးတက်အောက်လုပ်ပေးခဲ့ဖူးတာ မရှိဘဲ ပြည်နယ်အတွင်း စစ်ပွဲများကိုသာ ဖန်းတီးခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ AA အနေနဲ့ စတင်ဖွဲ့စည်းချိန်မှာ ထောက်ခံမှုများ ရရှိခဲ့သော်လည်း နောက်ပိုင်းမှာတော့ ထောက်ခံမှုတွေ လျော့နည်းလာပြီး ပလိုင်းပေါက်နဲ့ ဖားကောင်သကဲ့သို့ အရာမထင်ဖြစ်နေရပါပြီ။